Part 7

4K 561 12
                                    

Unicode

လရောင်ပြာပြာအောက်မှာ ကြင်ယာတော်ရဲ့ ပုလွေသံလွင်လွင်ဟာ ပျံ့လွင့်နေ၏။

ကြားရသူအပေါင်းရဲ့စိတ်ကို ယစ်မူးစေသော ထိုပုလွေသံလေးရဲ့ ပိုင်ရှင်သည်လည်း
လရောင်အောက်က ချယ်ရီပန်းအဖူးလေးများနှင့်အပြိုင် လှရက်နိုင်လွန်းသည်။

လေပြေ တစ်ချက်အဝှေ့၌ တငြိမ့်ငြိမ့်လွင့်နေသော ပုလွေသံ ပိုင်ရှင်လေးရဲ့ဆံနွယ်တို့သည်
လမင်းပျို၏အရိပ်ကြောင့် ငွေမျှင်ရောင် သန်းလို့နေ၏။

အိမ်ရှေ့စံသည် လသာဆောင်ဘေးဘက်
တိုင်အကွယ်မှာ ပုန်းခိုပြီး
ပုလွေသံလွင်လွင်ကို နားဆင်နေသည်။

စောစောက ခမည်းတော်နှင့်အတူ
သောက်ထားသော သေရည်ရှိန်က
လေညှင်းလေးတွေ တသွင်သွင် တိုက်ခတ်လိုက်သောအခါ တရိပ်ရိပ် တက်လာသည်ကြောင့်လားမသိ။
လရောင်အောက်တွင် ညအိပ်ဝတ်စုံ
အဖြူရောင်ပါးပါးလေး ဝတ်ထားသဖြင့်
မမြင်အပ်သော အတွင်းသားလေးတချို့ပေါ်နေသော သူ့ကြင်ယာတော်ကြောင့်လားမသိ။
သူ့ခန္ဓာကိုယ်သည် ပူစပ်စပ်ကြီးဖြစ်လာပြီး အရင်ကမခံစားဖူးသော ခံစားချက်ကြီးပေါက်ဖွားလာသည်။

ကြင်ယာတော်သည် အနောက်မှ
ခြေသံလိုလို အသံကြားသဖြင့် ပုလွေကို
ခဏရပ်လိုက်ပြီး နောက်သို့လှည့်ကြည့်ရန်ပြင်လိုက်တော့။

"အမေ့.."

လက်တစ်စုံသည် ကြင်ယာတော်၏ခါးငယ်အား ရုတ်တရက် သိုင်းဖက်လိုက်သော
ကြောင့် ကိုယ်ငယ်လေးဟာ လန့်ဖြန့်ကာ
တုန်တတ်သွားရှာ၏။

အဆောင်တော်သို့အိမ်ရှေ့စံတစ်ယောက်တည်းသာ ဝင်ခွင့်ရှိသောကြောင့် ထိုလက်ပိုင်ရှင်သည် အိမ်ရှေ့စံမှန်းတော့ ကြင်ယာတော်သိလိုက်သည်။

"ဘာ လို့ ပုလွေသံကို  ရပ်လိုက်တာလဲကွာ"

အိမ်ရှေ့စံရဲ့လေးလေးပင်ပင် စကားပြောသံသည် မူမမှန်တော့မှန်း  jiminရိပ်မိလိုက်ပါသည်။

"ပြန်လာပြီလား အိမ်ရှေ့စံ၊ မင်းကြီးက
ဘာတွေမိန့်လိုက်လဲ"

"ကိုယ့်ကိုမုန်းနေလားဟင်"

အိမ်ရှေ့စံဟာ သူ့အမေးပြန်မဖြေတဲ့အပြင်
သူ့ခါးသိမ်သိမ်လေးအားပိုလို့ပင်တိုးဖက်လာသည်။

နွေဦး နိဒါန်းWhere stories live. Discover now