Part 5

4.2K 564 20
                                    

Unicode

Parkအိမ်တော်ရဲ့ အစဥ်အလာအရ
အိမ်တော်မှ မိသားစုဝင် တစ်ယောက်ဟာ
အိမ်ထောင်ကျကာ တခြားအိမ်တော်သို့ သွားရောက်နေထိုင်ရမည်ဆိုပါက
အိမ်တော်၏ မျိုးရိုးနာမည်စွန့်လွှတ်သည့် အခမ်းအနားကို ကျင်းပရ၏။

ယခင်ကဘိုးဘေးတွေ ကျင်းပသည့် ထိုအခမ်းအနားသည် အိမ်တော်က သမီးပျိုများအတွက်သာ။

ယခုက သားယောက်ျားလေးအား အိမ်တော်မျိုးရိုးနာမည် စွန့်လွှတ်ရသည်မှာ
parkအိမ်တော် အတွက် အကြီးမားဆုံး အရှက်ရစရာကိစ္စပင်။

အိမ်တော်တစ်ခုလုံး ပွဲအတွက် ပြင်ဆင်နေ
စဥ် သခင်လေးjiminသည်လည်း အဆောင်တော်၌ နန်းတွင်းဝင်ရန် ပြင်ဆင်ရ၏။

"jimin..သား အဖေကို ယုံတယ်မလား။
သားကို အဖေနန်းတွင်းကနေ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်ခေါ်ထုတ်မယ် သိလား"

ရိုးရာဝတ်စုံကို အပြီးဝတ်ပြီး နောက်ဆုံးကျန်သည့် ခါးပတ်ကိုခါး၌ အသေအချာပတ်ပေးရင်း သခင်ကြီးဟာ မှာကြားနေ၏။

"သား အဆင်ပြေပါတယ် အဖေရဲ့"

"သားလေး မသိသေးတဲ့ ကိစ္စတွေ
အများကြီးပဲ ကလေးရဲ့"

သားဖြစ်သူ၏ ဆံသားနုနုလေးကို
အသာပုတ်ပေးရင်း သခင်ကြီးကဆို၏။

"ကဲ..ပြင်ဆင်ပြီးရင် အဖေတို့ သွားရအောင်"

"ဟုတ် အဖေ"

အိမ်တော်အတွင်းရှိ အဖြူရောင်ချယ်ရီ
ပန်းတို့သည် အသည်းအသန်းကြွေနေသည်။
အရင်နှစ်တွေက ထိုချယ်ရီဖြူတွေကြွေတဲ့ အချိန်ဟာ jiminတို့ အကြိုက်ဆုံး၊
အူအမြူးဆုံးအချိန်ဖြစ်၏။

တကယ်လို့ နန်းတွင်းဝင်ရင် ထိုချယ်ရီဖြူတွေ
ထပ်မတွေ့ရမှာတော့ အနည်းငယ်
စိုးရိမ်မိသား။

အိမ်တော်အရှေ့ဆောင်၌ အခမ်းအနားကျင်းပရန် ပြင်ဆင်ထားသည်။
အသားမျိုးစုံ၊ အသီးနှင့် စားချင်စဖွယ
ရိုးရာမုန့်တို့ဖြင့် ဘိုးဘွားများအား ဆက်သပူဇော်ထား၏။
ထိုအစားအသောက်တို့၏ အလယ်တွင်
ကင်ထားသော ဝက်ခေါင်းတစ်ခုလည်းရှိ၏။

အခမ်းအနားစစချင်း နတ်ဆရာမသည် ရိုးရာသီချင်းတီးမှုတ်ကာ နတ်ကန်တော့သည်။

နွေဦး နိဒါန်းWhere stories live. Discover now