Man:" ခင်ဗျားမှာထားတဲ့ ကောင်လေး ဟုတ်ပါတယ်နော် ကြည့်ကြည့်အုန်း "
ကျွန်တော်လည်း သခင်ပေးလိုက်တဲ့ ဓာတ်ပုံနဲ့ ကောင်လေးမျက်နှာကို သေချာတိုက်ကြည့်လိုက်တယ် ဟုတ်ပါတယ် ကျွန်တော်ရှာခိုင်းထားတဲ့ကောင်လေးပါ အရပ်ကလေးကလည်း၅'၃လောက်ပဲရှိတယ် အသားကလည်းဖြူပြီးနုလိုက်တာ ယောကျာင်္းလေးလို့တောင်မထင်ရဘူး ကျွန်တော်ကသာအသားအရေကိုပြောနေတာ မျက်နှာကရောဘာထူးလို့လဲ တော်တော်ချောတယ်ဗျ နုတ်ခမ်းအောက်ကမှဲ့နဲ့ လည်ပင်းဘေးကမှဲ့ကတော့ အသားဖြူဖြူလေးပေါ်မှာထင်းနေတာ မင်းရဲ့ဆွဲဆောင်မှု့တစ်ခုဘဲလားကောင်လေးရာ မင်းဒီလိုတွေတွေးနေတာ သခင်သိလို့ကတော့ မတွေးရဲစရာပဲ ရှင်းခန့်ရေ သက်ပြင်းမသိမသာလေးချပြီး ငါသေချာအောင်တော့ထပ်မေးမှပါလေ- - -
ရှင်းခန့်: " ကောင်လေးနာမည်က သတိုးခဆိုတာသေချာလား ။ နောက်ပြီးတစ်ဦးတည်းသောသား ဟုတ်ပါတယ်နော် ။aww ရန်ကုန်တက္ကသိုလ်-
Men: " ရန်ကုန်သက္ကသိုလ် မြန်မာစာ ပထမနှစ်ကျောင်းသား ။ မိဘတွေဆုံးသွားပေမယ့် မပူမပင်ဘဲ ထားခဲ့တဲ့အမွေတွေနဲ့ ခြေချိတ်နေနေတဲ့ ကောင် ။ မမှားပါဘူးကွာ ။ငါကအလုပ်လုပ်ရင်သေချာအောင်လုပ်တဲ့ကောင်ကွ ။"
ကျွန်တော်ကို စကားပင်ဆုံးအောင်မပြောစေတော့ဘဲ ဖောက်ပြောနေတာကိုကြည့်ရရင် ဒီလူစိတ်မရှည်တော့ဘူးထင်ပါတယ် ။ ကျွန်တော်လည်း သေချာနေပြီဖြစ်တာကြောင့် ကောင်လေးရဲ့ မျက်လုံးတွေကို ပုဝါအမဲဖင့်စည်းလိုက်ပြီး လက်နှစ်ဖက်ကိုတော့ ကျွန်တော့မှာပါလာတဲ့ လက်ထိပ်နဲ့ နောက်ပြန်ခတ်လိုက်တယ် မင်းရဲ့နူးညံ့လွန်းတဲ့ အသားအရေကို ပွန်းပဲ့အောင်လုပ်မိတဲ့အတွက် ခွင့်လွတ်ပါကလေး ထို့နောက် ဆေးအရှိန်ကြောင့်မေ့နေတဲ့ ကောင်လေးကို သူ့ရဲ့ဒူးအောက်ကနေပင့်ပြီး ပွေ့ချီကာ-
ရှင်းခန့် : " ဒီကိစ္စတွေသေသေ သက်သက်ဖြစ်အောင်လုပ်ရမှာ ခင်ဗျားတာဝန်နော်
တစ်ခုခု ပေါက်ကြားလို့ကတော့ ခင်ဗျားကိုပေးတဲ့ငွေအမောက်နဲ့တန်အောင် ပြန်ပေးဆက်ရမယ် "
Men : "ကြိုက်တယ် ။ အခုတော့ဒီကောင်လေးက ကျောင်းကအပြန်မှာ ကားမီးလောင်ပြီး သေဆုံးပြီးသွားပြီ "
ကျွန်တော်ရော သူရော အဓိပ္ပါယ်ပါတဲ့ အပြုံးတွေနဲ့ နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ် ခင်ဗျားတာဝန်ကျေပါစေဗျာ - -
ကျွန်တော်လည်းကောင်လေးကို ကားထဲ ဖြေးညင်းစွာချပေးပြီး ခါးပတ်ပတ်ပေးလိုက်တယ် မင်းအခုတော့ကောင်းကောင်းအနားယူပါကောင်လေး သခင်ဆီရောက်ရင် မင်းအတွက်က ငရဲလား နိဗ္ဗာန်လားဆိုတာ ငါကိုယ်တိုင်တောင် သေချာမသိတာမို့ ဘာပဲဖစ်ဖြစ် မင်းငါ့ကို အစ်ကိုတစ်ယောက်လို့ ခင်တွယ်နိုင်တယ်ကောင်လေး ဒါပေမယ့် သခင့်ကိုလည်း ငါသစ္စာဖောက်မှာမဟုတ်ဘူး အရာအားလုံးအတွက် မင်းခံနိုင်ရည်ရှိ့ပါစေလို့ ငါဆုတောင်းတယ်
ကားလေးကတော့ ပြင်ဦးလွင်မြို့ရှိ မြို့မျက်နှာဖုံး သူဋ္ဌေးကြီး စံမြန်းရာ မြ၀င်္ဂဘာ စံအိမ်ကြီးဆီသို့ - - -ကောင်းလားမသိဘူးနော် ကျွန်တော်ကတော့ရေးလိုက်တာပဲ အမှားပါရင်ခွင့်လွှတ်စေချင်ပါတယ်ခင်ဗျ😍😍😍😍😘