လှိုင်းဘွဲ့မှူး: pro
ဦးမင်းမြတ် ခင်ဗျားရဲ့အကြွေးတွေ ကို ခင်ဗျားပြန်မဆက်နိုင်တော့ ကျန်ရစ်ခဲ့တဲ့ခင်ဗျားသားလေးအတွက်တော့ ကျွန်တော်စိတ်မကောင်းဘူးဗျာ ကျွန်တော့်ကို အငြိုးကြီးတယ်လို့ပဲ ပြောပြော အတ္တကြီးတယ်လို့ပဲပြောပြော ကျွန်တော်ငယ်ငယ်က ခံစားရသလို ခင်ဗျားမိသားစုဝင်တစ်ယာက် ကတော့အသေအချာခံစားစေရမယ် ။
ခင်ဗျားအသက်ရှိသေးရင်တော့ ငါ့သားကဒီကိစ္စတွေနဲ့ဘာမှမဆိုင်တဲ့လူပါလို့ အသနားခံလည်း ကျွန်တော်ကတော့သွေးအေးအေးနဲ့ရက်စက်မယ့်လူဗျ ခင်ဗျားကိုအသက်ရှင်လျက်တော့ရှိစေချင်သား awwဒါနဲ့ ခင်ဗျားအုတ်ဂူကိုလာတာသိပ်တွေ့ချင်လို့တော့ မထင်လိုက်နဲ့ ခင်ဗျားအုတ်ဂူကိုကြည့်ပြီးကျွန်တော်အမုန်းတွေကို မီးစာထည့်ဖြည့်လိုက်တာ ကဲ ကျွန်တော်လည်းပြန်လိုက်အုန်းမယ်ဗျာ ဒီအချိန်ဆို ကျွန်တော် ကြိုးဆွဲရာ ကပြရမယ့် ခင်ဗျားရဲ့သား သတိုးခ
ကျွန်တော့်ရဲ့ စံအိမ်ကိုရောက်နေရောပေါ့ ။ ကျွန်တော်ဆိုတဲ့ လှိုင်းဘွဲ့မှူး က ဘယ်သူ့အပေါ်မှာမှ အရှုးခံမယ့်လူမျိုး မဟုတ်ဘူးဗျ ။- - - - - - - -
အိမ်တော်ထိန်း: " သားရှင်းရောက်ပြီလား အဒေါ်အပေါ်မှာ အဆင်သင့်ပြင်ထားပါတယ်"
ရှင့်ခန့်:"ဟုတ်ပြီ အဒေါ် ။ ဒီနေ့ကစပြီး တတိယထပ်ကို အဒေါ်ရယ် ကျွန်တော်ရယ် သခင်ရယ်က လွဲရင် ဘယ်သူ့မှတက်ခွင့်မရှိဘူး ။ ဒါ သခင့်ရဲ့ အမိန့်ပါ ။ အဒေါ်အလုပ်သမားတွေကို တစ်ဆင့်ပြောပေးပါ။ သခင့်အမိန့်ကိုလွန်ဆန်တဲ့သူမှန်သမျှဘယ်လိုဇာတ်သိမ်းတယ်ဆိုတာကအစ ထပ်ပြီးသတိပေးပေးပါ။အထူးသဖြင့်
ကောင်လေးမျက်နှာကိုလုံးဝမကြည့်မိဖို့ပဲ ။ ကဲကျွန်တော်မှားတာတွေမမေ့ပါနဲ့အဒေါ် အခုတော့ အိမ်တော်က အလုပ်သမားတွေကို တန်းလျားကိုပြန်ခိုင်းလိုက်ပါ ကျွန်တော် ကောင်လေးကို အပေါ်မှာနေရာချချင်လို့"
အိမ်တော်ထိန်း:" ဟုတ်ပြီ သား "
စံအိမ်ကအလုပ်သမားတွေပြန်တော့မှ ကျွန်တော်ကောင်လေးကိုကားထဲကပွေ့ချီလိုက်ပြီး သုံးထပ်မြောက်သခင့်အခန်းဘေး က အခန်းမှာနေရာချပေးလိုက်တယ် ။ ကုတင်ပေါ်အသာအယာချပေးပြီး ကျွန်တော်ကောင်လေးလက်ကိုတစ်ချက်စစ်ကြည့်တော့ပွန်းတော့ပွန်းမနေပေမယ့် အချိန်ကြာကြာလက်ထိပ်ခက်ထားတာကြောင့် အနီရောင် အစင်းကြောင်းလေးတော့ထင်နေပြီ ။ ကျွန်တော်ပ၀ါကော လက်ထိပ်ကောဖြုတ်ပေးချင်ပေမယ့် သခင့်စီကအမိန့်မရမချင်း ကျွန်တော်လုပ်ပိုင်ခွင့်မရှိပါ။ ကောင်လေးရေသခင်မြန်မြန်လာပါစေလို့သာ ဆုတောင်းပေတော့ ကျွန်တော်လည်းအခန်းတံခါးကို lock ချပြီး အောက်ထပ်ကိုပြန်ဆင်းခဲ့လိုက်တယ် ။သတိုး :" အား -- ကျွတ် -ကျွတ် ခေါင်းတွေကလည်းကိုက်လိုက်တာ"
ကျွန်တော် သတိရရချင်းသတိထားမိတာ ခေါင်းကိုက်တာပဲ ကျွန်တော့်ခေါင်းကို လက်နဲ့ဖိဖို့ လှုပ်ရှားမိမှ လက်ကိုတစ်ခုခုနဲ့ချုပ်နှောင်ထားခံရမှန်းသိတော့တယ် ။ နောက်ပြီးကျွန်တော့်မျက်လုံးကိုကာထားတဲ့အရာကြောင့် ကျွန်တော်ဘယ်ကိုရောက်နေလဲဆိုတာမသိရဘူး ကျွန်တော်ဘာလုပ်ရမလဲ ကျွန်တော်ကြောက်တယ်
ကျွန်တော်အရမ်းကြောက်တယ် တစ်ယောက်ယောက်ကယ်ကြပါဗျာ
ကျွန်တော်ဒီကလွတ်မြောက်ဖို့ အကူအညီတောင်းရမယ် ဟုတ်တယ် ကျွန်တော်အကူအညီတောင်းရမယ်
သတိုးခ:" ဘယ်သူရှိ့လဲဟင် ခ ကို ကယ်ပါနော် ။ ကယ်မဲ့လူမရှိ့ရင်လည်း ခ ကို ဘာကြောင့်ဖမ်းထားတာလဲ ပြောပါနော် ။ ဘယ်သူရှိ့လဲလို့ "
ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့ ကုတင်ပေါ်ကဆင်းလိုက်တော့ မူးဝေနေသောခေါင်းကြောင့် ကျွန်တော်မတ်တက်ပင်မရပ်နိုင်ဘဲ ဘေးက
အရာတစ်ခုကိုတိုက်မိကာ လဲကျတော့သည်။ အပေါ်ထပ်ကအသံကြားမိလို့ ကျွန်တော်အပြေးတက်လာမိတော့ ဖန်ကွဲစများကြားထဲမှာ လဲကျပြီး အကြောက်လွန်နေတဲ့ကောင်လေးကိုတွေ့ရလေသည်ရှင်းခန့် : " ညီ "
ကျွန်တော်စိုးရိမ်တကြီးအော်မိတော့သည်အထိ စိတ်ပူစေသည်။ ကျွန်တော့်အသံကိုကြားတော့ ကိုယ်လေးကျုံ့သွားပြီး လှုပ်ရှားမယ်ဟန်ပြုတော့ရှင်းခန့် : "ညီ မလှုပ်နဲ့ ဖန်ကွဲစတွေ ရှမယ် ကိုရှင်း လာခဲ့မယ် အဲ့အတိုင်းပဲနေနော် "
ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျ ချစ်တယ်နော်😘😘😘😘😂😘