Part 26

2.1K 123 7
                                    

ခွင့်ပြုပါ

အပိုင်း(၂၆)

#ခွင့်ပြုပါ

10-10-03-36-07-56

"ဆရာမ..ဆရာမ အထွေး.."

"ဟင်...လာပြီ.."

အဆောင်အောက်မှာ မျက်လုံးပြူးရင်း မော့ကြည့်နေတော့ ထွေးလည်း စိတ်ပူသွားရသည်..။

"ဘာ...ဘာဖြစ်လို့လဲ...ဆရာပြည့်စုံ..."

"ကျွန်တော့်အဝတ်တွေ ကုန်ပြီ.."

"ဟင်..."

"ညတုန်းက မခြောက်သေးလို့ လှန်းထားတာပဲ...မနက်ကျ မတွေ့တော့ဘူး.."

သွားတိုက်တံ ကိုင်ရင်း အဝတ်တွေ ပျောက်သွားလို့ အလန့်တကြားဖြစ်နေတာ သိတော့ ထွေး ရယ်ချင်သွားသည်..။

သူဌေးသားလေးကများ အဝတ်ကလေး သုံးလေးထည်ကို ဥစ္စာခြောက်နေလိုက်တာ..။

"လူတွေ.....လူတွေ...စေတနာရှင် မေတ္တာရှင်တွေရဲ့ အဝတ်တွေတောင် မချန်တော့ပါလား...ကျစ်...လောကကြီး ပျက်စီးလာပြီ...ပျက်စီးလာပြီ...မိလို့ကတော့ သတ်ပြီ.."

လက်သီးဆုပ်ကာ လက်ဝါးကို ထိုးရင်း ကျိန်းဝါးနေတော့ ထွေးမှာ မျက်လုံး ပိုပြူးလာရသည်..။

တကယ်များ ရန်ရှာတော့မလား မသိ..။

"ဆရာ....ဆရာ့ အဝတ်တွေ ထွေး သိမ်းထားတယ်.."

"ဟင်.."

"ညပိုင်း မိုးရွာတော့ အဝတ်တွေ သိမ်းထားလိုက်တာပါ..."

"သြော်...အဟွင်း...တော်သေးတာပေါ့...ကျေးဇူး..."

ခေါင်းကုတ်လိုက် နဖူးကုတ်လိုက်ဖြင့် ပြုံးစေ့စေ့ ထွက်သွားတော့ ထွေးလည်း သူ့ပုံစံ ကို ကြည့်ရင်း ရယ်မိသည်..။

ဘယ်လိုကောင်လေး ပါလိမ့်...။

ပုံစံ အမျိုးမျိုးနဲ့ တက်လည်း တက်နိုင်ပါရဲ့..။

သူ့အဝတ်တွေကို ခေါက်ပြီး သေတ္တာပေါ်မှာ သေချာ တင်ထားလိုက်ကာ မနက်စာ အတွက် ထမင်းကြော်လိုက်သည်..။

ထမင်းကြော်ဆိုတာထက် ထမင်းလှော်ဆို ပိုမှန်လေမလား.။

ဆီပါရုံလေးနဲ့ ကြက်ဥတစ်လုံး ထမင်းထည့်မွှေထားတာပါပဲ..။

ခွင့်ပြုပါWhere stories live. Discover now