"ဇီကျင်း"
ပခုံးပုတ်ကာခေါ်လိုက်တဲ့ ရွှမ်းယွီကြောင့်
အတွေးနယ်ချဲ့နေရာမှ လွတ်မြောက်လာရသည်။
"လာအိမ်ထဲဝင်ကြမယ်လေ"
ဟုဆိုကာ ရှေ့ကသွားတဲ့ ထိုသူကြောင့်သူလဲ နောက်ကဝင်လိုက်လာခဲ့သည်။
"ပြန်လာတာကြိုဆိုပါတယ် သခင်လေးတို့"
အိမ်တော်ထိန်းကြီးရဲ့ အပြူံးနှင့်အတူ အစေခံတို့ကပါ ဦးညွတ်နှုတ်ဆက်သည်မို့ ...
"ကျွန်တော်တို့နားအုံးမယ် မနှောက်ယှက်ကြနဲ"
ထို့နောက် မိုရွှမ်းယွီ ရော သူပါ အိမ်ခန်းကိုယ်စီဝင်ခဲ့ကြသည်။
သူတို့မှာ တူညီတဲ့ ထူးဆန်းတဲ့အကျင့်တစ်ခုရှိသည်။
ထိုအရာကတော့ တရားထိုင်တတ်ခြင်းပင်။
အချိန်ဇယားနဲ့တရားထိုင်တတ်တဲ့သူတို့ဟာ အနားယူချိန်ပါပဲ။
ညနေရောက်တော့နှစ်ယောက်သားထမင်းလက်ဆုံစားကြတယ်
သူတို့ပုံစံက ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံးညီကို မိသားစု ဒါမှမဟုတ် လင်မယားတွေလိုပဲ
ဇီကျင်းဟာ ထမင်းစားနေတဲ့ဝေ့ရင်းကိုကြည့်ရင်း
ပျောက်ကွယ်သွားမှာစိုးနေသည်
အထိတ်တလန့်နဲ့သူ့အတွေးတို့သူသတိထားမိချိန်မှာ
သူဟာ ကျင့်ရီကို သစ္စာဖောက်သလိုခံစားလိုက်ရတယ်
"အကိုယွီ မနက်ဖြန် ညီတို့ ကုမ္ပဏီအတွက် အကျိုးတူပူးပေါင်းမှုအတွက် စာချုပ်ချုပ်စရာရှိတယ်"
"အင်း ငါသိတယ်လေ"
"ဒါပေမဲ့အဲ့တာက ညဘက်ကျနော်တို့  ပစ္စည်းပို့ရမဲ့အချိန်နဲ့တိုက်နေတယ်"
"ငါသိပြီ မင်းဘယ်ကိုသွားမလဲ"
"အကိုယွီသဘောလေ"
"ဒါဆိုငါပစ္စည်းဘက်သွားမယ် တကယ်တော့ဘယ်ဘက်သွားသွားအတူတူပါပဲကွာ"
ВЫ ЧИТАЕТЕ
ချစ်ရဆုံးသူ.(Zawgyi+Unicode)(complete)
Фанфикဘဝအဆက်အဆက် လန်ဝမ်ကျီဆိုသောကောင်လေးအား လိုက်ရှာနေသူ ဝေဝူရှန်း.......