ဝေ့ရင်းဟာ ညဘက်အိပ်မက်ဆိုးတွေ
ဆက်တိုက်မက်ကာ အိပ်မရသည်မှာ
လဝက်ခန့်ကြာပြီဖြစ်သည်
ထိုကြားထဲ လန်ဝမ်ကျီကလဲ
နေမကောင်းဟုဆိုကာကျောင်းမလာ
သူမှာလွမ်းဖျားလွမ်းနာကျကာ
စိတ်ကောလူကော
ပင်ပန်းနေရသည်။
အခုလဲအတန်းဝင်ရန်သူရဲ့ အချိန်ရောက်လာပြန်သည်။သူစာသင်ခန်းထဲသို့ဝင်ရန်
ကော်ရစ်ဒါကိုချိုးတဲ့အချိန်မှာ
လန်ဝမ်ကျီနဲ့တွေ့လိုက်ရသည်
လန်ကျန့်တစ်ယောက်ထဲမဟုတ်
သူ့ဘေးမှာေ ချာမောလှပတဲ့ကောင်မလေး
တစ်ယောက်နှင့် လက်ချင်းတွဲကာ
လျောက်လာသည်
သူ့ကိုတော့မြင်ဟန်မတူဝေ့ရင်း ကလည်းလန်ကျန့်ကိုမြင်တိုင်း
အရင်ဘဝက သူ့ကြောင့်လန်ကျန့်သေခဲ့ရတာမို့
သူမှာအပြစ်မကင်းသည့်စိတ်က
ရင်ထဲမှာ ဒဏ်ရာတစ်ခုလို
လန်ကျန့်သေခဲ့သည်ဟု လာပြောတဲ့
အကြောင်းတရားတစ်ခုကလည်း
သူ့စိတ်ထဲအကြောက်တရားတစ်ခုလို
စွဲမြဲနေခဲ့ပြီ
ဒါတွေကို လန်ကျန့်လုံးဝသိမယ်
မထင်.........အခန်းရှေ့အရောက်မှာလန်ကျန်နဲ့ထိုကောင်မလေးက
နှုတ်ဆက်နေကြသည်
သူ့ကို စွံအသွားစေတာက တော့
ထိုကောင်မလေးက
လန်ကျန့်ရဲ့ပါးကိုဖျတ်ခနဲနမ်းကာ
ထွက်သွားခြင်း
လန်ကျန့်ကလဲပြုံးကာကြည့်နေခဲ့သည်
နောက်သူ့ဘက်လှည့်လိုက်တော့
လန်ကျန့်ရဲ့နွေးထွေးနေတဲ့
မျက်ဝန်းဟာ အံ့အားသင့် မှုနဲ့အတူ
အေးစက်သွားသည်ဟု
သူခံစားလိုက်ရတယ်
ထို့နောက်သူ့ကိုခေါင်းငြိမ့်ပြကာ
အခန်းထဲသို့ဝင်သွားခဲ့သည်။........လန်ဝမ်ကျီ ဟာ အခုရက်ပိုင်းထဲ
အနှောက်အယှက်တွေခံနေရသည်
သူတို့ဟာ ဆွေစဉ်မျိုးဆက်
ချမ်းသာတယ်ဆိုပေမဲ့လဲ
ဒုစရိုက်လောကနှင့်တော့မကင်းချေ
အခုရက်ပိုင်းမှာ
သူတို့ကိုနှောက်ယှက်တဲ့သူတွေက
အရမ်းများလွန်းသည်
ဒါပေမဲ့သူဂရုမစိုက်ပေ
တစ်နေ့သူစီ စာတစ်စောင်ရောက်မလာခင်အထိပေါ့......
ŞİMDİ OKUDUĞUN
ချစ်ရဆုံးသူ.(Zawgyi+Unicode)(complete)
Hayran Kurguဘဝအဆက်အဆက် လန်ဝမ်ကျီဆိုသောကောင်လေးအား လိုက်ရှာနေသူ ဝေဝူရှန်း.......