Part 1

2.5K 89 2
                                    

Zawgyi

"ဂျိန်း...⚡⚡⚡"

"Omma ဟင့် Omma "

"Baek Baek ဟေ့မကြောက်နဲ့နော် ကိုယ်ရှိတယ်..."

အပြင်လောကကြီးတွင်မိုးတွေလေတွေသဲထန်အောင်
ရွာနေလေပြီး...လျှပ်စီးများကလည်းတဝင်းဝင်းလဲ့နေသည်...

တစ်ကိုယ်လုံးတုန်ယင်နေပြီး မိုးချိန်းတာအရမ်းကြောက်တဲ့
ကောင်လေးကို  ရင်ခွင်ထဲထည့်ရင်း မကြောက်ဖို့တဖွဖွပြောနေမိသည်.....

"Yeol ကြောက်တယ် ငါ့ကိုထားမသွားပါနဲ့..."

"အင်း ကိုယ်ထားမသွားပါဘူး baby ရယ်...
အရမ်းမကြောက်နဲ့နော် ကိုယ်ရှိတယ်... "

"အင်း ငါယုံတယ် yeol "

အနည်းငယ်ကြာတော့ အသံများတိတ်ဆိတ်သွားခဲ့ပြီး
သူ့ရင်ခွင်ထဲကကောင်ငယ်လေးလည်း အိပ်ပျော်သွားတော့သည် .
.
.
.
.
အလင်းရောင်နုနုလေးများက ဟနေတဲ့လိုက်ကာကြားထဲက
သူ့မျက်နှာပေါ် ဖြာကြနေတာကြောင့်
သူ့ရဲ့မျက်လုံးတွေဟာလည်း ပွင့်လာရသည်....

"Yeol"

သူနိုးနိုးခြင်းပထမဦးဆုံးခေါ်မိတဲ့နာမည်လေး....
အိပ်ယာရဲ့ဘေးနားကိုကြည့်လိုက်တော့
သူ့ရဲ့ချစ်ရတဲ့ yeol ဟာ သူ့နားမှာရှိမနေခဲ့ပါ.....

"ငါ့ကိုချစ်ဖို့ဘာတွေများ ခတ်ခဲနေလို့လဲ yeol ရယ်
ငါမင်းကို မုန်းချင်လိုက်တာ.......

အိပ်ယာပေါ်က လွတ်နေတဲ့တစ်ဖတ်ကိုကြည့်ရင်း
မျက်ရည်ဥလေးများက ခေါင်းဦးထက်
်သက်ဆင်းကြွေကျကုန်သည်....

***Flash Back***

Korea ရဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုဖြစ်သည့်
KIS international school တွင်ဖြစ်သည်....

"Baek စောင့်ဦးကွာ...."

"Sehunna မင်းကအမြန်လာလေကွာ....tks
ငါတို့ကို ဆရာတော့မိတော့မှာပဲ......"

"ငုံးကောင် မင်းအားကစားမလုပ်ချင်တိုင်း
ငါ့ကိုခေါ်ပြီး ဒုက္ခပေးနေတာ...."

"ဟဲဟဲ အသဲကလည်းကွာ baek baek လေးက
အားကစားလုပ်လိုက်ရင် six pack လေးတွေထွက်လာပြီး
ကျောင်းထဲက ကောင်မလေးတွေ ဝိုင်းလာမှာစိုးလို့ပါ...."

Toxic LoveWhere stories live. Discover now