Part 3

1K 65 1
                                    

Zawgyi

နံနက်ခင်းအလင်းရောင်နုနုလေးများက အဆောင်ရဲ့
ပြတင်းပေါက်က ဖြာကျလျှက်ရှိပြီး.....
တဖြောက်ဖြောက်နှင့်ကြားနေရသောရေသံမှာလည်း
နားထဲမှာဆူညံနေသည်။
Baby ပြန်မလာတဲ့တစ်လအတွင်း အရက်ကိုသာ
အဖော်ပြုနေရတာကြောင့် သူလည်းအရက်သမားကြီးလုံးလုံး
ဖြစ်နေတော့သည်။

"အား...ကျွတ် ကျွတ်..."

ထိုးကိုက်နေသော ခေါင်းကို ကိုင်ရင်း ကုတင်ပေါ်ကနေ
ခြေထောက်ချလိုက်တော့...ခါတိုင်းလိုတစ်ခန်းလုံး
ရှုပ်ပွမနေပဲ သန့်ရှင်းတောက်ပြောင်နေသည်။

ရုတ်တရက် ကြားလိုက်ရသော ရေသံဟာလည်း
ရေချိုးခန်းဘက် လာနေတာကြောင့်
သူအနည်းငယ်ကြောင်သွားပြီး....တဆက်ထဲမှာပဲ
တစ်စုံတစ်ယောက် ကိုသတိရလိုက်တာကြောင့်
တစ်ဖက်ကုတင်ကို သူအလျှင်အမြန်ကြည့်လိုက်သည်..။

***Baby ပြန်လာပြီ****

ဝမ်းနည်းလှိုက်တက်လာသော
ရင်တွင်းဖြစ်ခံစားချက်တစ်ချို့ကြောင့်...
ရေချိုးခန်းခက်ဖက်ကိုသူ အပြေးအလွှားသွားဖို့ပြင်လိုက်ပေမဲ့
စားပွဲပေါ်က ထမြည်တဲ့ phone ringtone သံကြောင့်
သူ့ရပ်ခြေလှမ်းများကရပ်တန့်သွားပြီး
အနောက်ကိုပြန်လှည့်လိုက်သည်။

သူ ဖုန်း  ရှိရာကိုသွားပြီး ကိုင်ဖို့ပြင်လိုက်တော့
Contact Name မှာပေါ်နေတဲ့ "မောင်" ဆိုတဲ့
Nick name လေးက သူ့ရင်ကို
ဓားနဲ့အကြိမ်ပေါင်းများစွာ ထိုးခွင်းနေသကဲ့သို့
နာကျဉ်စေသည်....။

"Yeol"

အနောက်ကနေထွက်လာတဲ့ တိုးလျှလျှအသံလေးက
သူ့ရဲ့အလွမ်းတွေကို ပြေဖို့လုံလောက်ခဲ့ပေမဲ့
"မောင်" ဆိုတဲ့ baby သတ်မှတ်ပေးထားတဲ့ ဒီလူက
သူ့ကို သတ်နေသည့်အတိုင်း...။

သူအနောက်ကိုလှည့်လိုက်တော့
ရေချိုးပြီးကာစ baby ရဲ့ခါးအောက်ပိုင်းမှာ
သပတ်တစ်ထည်သာရှိနေပြီး....
သူအရင်က ရင်းနှီးခဲ့ဘူးတဲ့ သစ်သီး shower cream
အနံသင်းသင်းလေးလည်းရနေသည်။

baby ရဲ့မျက်နှာလေးကလည်း
သူနဲ့ရှိနေတဲ့အချိန်တုန်းကလို မဟုတ်ပဲ ခပ်ပြည့်ပြည့်ဖြစ်နေပြီး
လုံးလုံးလေးနဲ့ပိုပြီးချစ်ဖို့ကောင်းလာသည်။

Toxic LoveWhere stories live. Discover now