Part 4

939 66 2
                                    

Zawgyi

တစ်နေ့ကုန် အဆောင်မပြန်သေးပဲ သူ မောင် နဲ့
လျှောက်လည်နေပြီး ညရောက်တော့
မောင် ကသူ့ကို စိတ်မချတာကြောင့်
ပြန်မလွှတ်ချင်ခဲ့ပါ ဒါပေမဲ့လည်း
9 နာရီဆို အဆောင်ပိတ်မှာမို့ သူပြန်လာခဲ့သည်။

သူပြန်လာတော့ တစ်ခန်းလုံးအမှောင်ချထား၍
တိတ်ဆိတ်နေပြီး
yeol ကတော့အဆောင်မှာရှိမနေခဲ့ပါ

*သူအပြင်တွေလျှောက်သွားနေပြန်ပြီထင်တယ်... *

အခန်းမီးရှိရာသို့သွားပြီး မီးဖွင့်ကာ
ကိုယ်လက်သန့်စင်ချင်တာမို့ Bathroom ထဲသို့
သူဝင်လိုက်သည်။
ထို့နောက် ညဝတ်အင်္ကျီမိုးပြာရောင်လေးကို
ထုတ်ကာ သူဝတ်လိုက်ပြီး အိပ်စက်ဖို့ပြင်လိုက်သည်။

ခါတိုင်းဆိုသူ yeol ပြန်လာတာကို ထိုင်စောင့်နေဦးမှာဖြစ်ပေ
အခုတော့ သူအရင်လို မလုပ်တော့ပါ...
ဘာလို့လဲဆိုတော့ အရင်က Baekhyun က
ချစ်ရသူကိုပဲ အမြဲမျှော်ကြည့်နေတဲ့ အရူးတစ်ယောက်ဖြစ်ပြီး
ယခု Baekhyun ကတော့ သူ့ကိုချစ်တဲ့လူကိုပဲ
တန်ဖိုးထား တော့မှာဖြစ်သည်။
.
.
.
.
.
.
.
နန်းတော်ကြီးသဖွယ်ဖြစ်သော အိမ်ကြီးရဲ့
စာဖတ်ခန်းထဲ၌ Park စံအိမ်ကြီးရဲ့သခင်ဖြစ်သူ
Park Yixing ကထိုင်နေပြီး သူ့၏နဘေးတွင်တော့
ထို့သခင်ကြီးနှင့် ရုပ်ချင်းဆင်လှသည့် သူ့ရဲ့သား
Park သခင်လေး တစ်နည်း Park Chanyeol
တို့ထိုင်နေကြသည်။
Park yixing မှာ အသက် 45 နှစ်လို့ပင်မထင်ရအောင်
သားနဲ့အပြိုင်နုနေပြီး broken family
ကိုပိုင်ဆိုင်ထားသူလည်းဖြစ်သည်။

လက်ထဲက ကော်ဖီခွက်ကို ဇွန်းနဲ့မွှေနေရင်း
Yixingက သူ့သားပြောသမျှ စကားတွေကို
ခပ်ပြုံးပြုံးနားထောင်နေသောကြောင့်
ပါးချိုင့်ကြီးမှာခွက်ဝင်နေပြီး သဘောကြနေသည်။

"အဲ့တော့ မင်းကိုငါက ကျွန်းတစ်ကျွန်းစီစဉ်ပေးရမယ်
ဆိုပါတော့...."

"အင်း..."

"ကောင်းပြီ...ငါပေးမယ်
ဒါပေမဲ့ မင်းသိထားဖို့က လူတစ်ယောက်ကို
မင်းပိုင်ဆိုင်ချင်ရင်ပိုင်ဆိုင်လိမ့်မယ်....
ဒါပေမဲ့ မင်းအဲ့ဒီလူရဲ့စိတ်ကို မင်းမပိုင်သ၍
မင်းက အမြဲတမ်း အရှုံးသမားလို ဖြစ်နေဦးမှာပဲ..."

Toxic LoveWhere stories live. Discover now