Part-1
(Zawgyi)
2019,Sep 5
ဒီနေ့ ကကျနော့်ဘဝမှာအပျော်ရွှင်ရဆုံးနေ့
ကျနော်ပိုင်ဆိုင်ချင်တဲ့ဒီလူသားလေးကို
ပိုင်ဆိုင်ရတော့မယ်။ကျနော့်ရှေ့ မှာရပ်နေတဲ့
ကျနော့်အမြတ်နိုးရဆုံးသူလေးဟာ
အရာရာထက်ပိုပြီးလှပနေတယ်။
သူ့မျက်ဝန်းတွေကနတ်ဘုရားတစ်ပါး
အလားစူးရှနေတယ်။
ထိုအချိန်သူ့နှုတ်ခမ်းကထွက်ကျလာတဲ့
ဒီစကားတစ်ခွန်းကကျနော့်နှလုံးသားတစ်ခုလုံးကွဲ
ကြေသွားမတတ်နာကျင်ရတယ်။"ကျနော့်ဘဝကိုလူတွေရဲ့ပါးစပ်ဖျားမှာGAYလို့ 
တွင်နေအောင်လုပ်တဲ့ခင်ဗျားကိုကျနော်
အရမ်းမုန်းတယ်"တဲ့လေ။ဘာလို့လဲဆိုတော့သူရွံလှပါချည်ရဲ့ဆိုတဲ့ဒီယောက်ျားခြင်းချစ်ကြိုက်မှုကသူ့ဘဝမှာ
လက်တွေ့ ကြုံနေရတာလေ။
ကျနော်သူ့ကိုအပြစ်မတင်ပါဘူး။
သူကတော့ဒါကိုgayလို့ပြောတယ်။
ကျနော့်အတွက်ကတော့သူဆိုတဲ့
ဒီလူသားလေးXiaoWangကိုမှချစ်မိနေတာ။အခြားဘာအကြောင်းပြချက်မှမပါဘဲ
သူကသူဖြစ်နေလို့ကိုချစ်တာ။
မဟုတ်ဘူး။သူ့ကိုချစ်တာထက်ပိုပြီး
"မြတ်နိုးနေမိတာ..."
_
_
_
_
ကျနော်တို့ လက်စွပ်အပြန်အလှန်လဲဝတ်ကြတဲ့
အချိန်မှာကျနော်အရမ်းပျော်ရွှင်ရပါတယ်။
ကျနော်ကိုယ်တိုင်အမြတ်တနိုး
designရေးဆွဲထားတဲ့Y&Zလက်စွပ်လေးက
ကျနော်တို့ နှစ်ဦးစလုံးရဲ့လက်သူကြွယ်မှာရှိနေပေမဲ့
သူ့ လက်မှာရှိနေတဲ့လက်စွပ်လေးက
ပိုလှနေသယောင်။
ရုတ်တရက်ကျနော့်နှုတ်ခမ်းကနွေးထွေးမှု
တစ်စုံတစ်ရာကိုခံစားမိလာတယ်။
ဒီအချိန်လေး...
ဒီအခိုက်အတန့် လေးမှာပဲ...
အချိန်တွေအားလုံးကိုရပ်စဲထားစေချင်မိတယ်။
_
_
_
_
_တဖြည်းဖြည်းကျနော့်ကိုကျောခိုင်းသွားတဲ့
သူ့ရဲ့ ကျောပြင်ငယ်လေးကတရွေ့ ရွေ့ နဲ့
ကျနော့်ဆီကထွက်ခွာသွားခဲ့ပြီ။
ကျနော်ကြည့် နေရင်းနဲ့ပင်ထွက်သွားတဲ့
အဲ့ကျောပြင်ငယ်လေးနောက်ကို
ကျနော့်နှလုံးသားတစ်စုံပါလိုက်ပါသွားခဲ့ပြီ...
YOU ARE READING
By your side(COMPLETED )
Фанфикမင်းငါ့ကိုမချစ်ရင်တောင် ငါကမင်းဘေးမှာအမြဲတမ်းရှိနေမှာ ချစ်ခြင်းတရားကမရှုတ်ထွေးပါဘူး ကျနော်တို့ကရှုတ်ထွေးအောင်လုပ်ခဲ့ကြတာ Always By Your Side By ...