Part-15
တစ်နှစ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာ
ပျော်ရွှင်မှုဆိုတဲ့မှတ်ဥာဏ်လေးတွေမရှိနိုင်ရင်တောင်
အနည်းဆုံးတော့ကျနော်တို့အကယ်၍ပြန်တွေ့ရင်
အမုန်းတရားနဲ့ဆီးကြိုနေမှာကိုတော့မလိုလားဘူးYiboရဲ့ဘဝမှာတစ်နှစ်ဆိုတဲ့အချိန်ကို
ကျနော်ခိုးယူမိပြီးပြီ
သူကရှက်လို့ကျောင်းခဏနားလိုက်ပြီး
wang companyမှာ
သူ့ပါးနေရာယူဖို့လေ့လာနေတယ်
ကျနော်ကကျောင်းပြီးအောင်ဆက်တက်နေတယ်
ဟိုနေ့ကပဲzhou chanထွက်သွားတဲ့
သတင်းကြားလိုက်ရတယ်
နှုတ်တောင်မဆက်သွားဘူး
ဟိုနေ့ကကျနော့်မွေးနေ့
Oct5တုန်းကတော့dark red carnation
ပန်းစည်းရောက်လာသေးတယ်
Birthday Cardနဲ့အတူfrom zcတဲ့
တစ်ရက်တော့အဲ့ဒီdark red carnationခင်းဆီကိုစိတ်လွတ်ကိုယ်လွတ်သွားကြည့်ချင်သေးတယ်မနက်ခင်းတိုင်းမှာသူအတွက်ကျနော်ပြင်ဆင်ပေးနိုင်တာ
အကုန်ပြင်ဆင်ပေးခဲ့တယ်
သူအတွက်necktieရွေးပေးပြီးအဝတ်အစား
ပြင်ပေးတာကအစကျနော်လုပ်ပေးနိုင်တာအကုန်ပေါ့
ကလေးကnecktieမစည်းတတ်တာသိလို့
ကျနော်ကိုယ်တိုင်စည်းပေးချင်ပေမဲ့သူက
အနားတောင်အကပ်ခံတာမဟုတ်လို့
Google ကနေပဲရှာပြီးတင်ထားပေးခဲ့တာ
ဒါတောင်အဲ့ကလေးကစည်းမသွားဘူးမနက်ခင်းတိုင်းဟာသူ့အလိုလို
အသီးသီးပြီးဆုံးသွားကြပေမဲ့
ညနေတိုင်းမှာတော့အခန်းကျယ်ကြီးထဲမှာ
အထီးကျန်စွာနဲ့တစ်ယောက်သောသူကို
စောင့်ရင်းအချိန်တွေကိုကုန်ဆုံးစေမိတယ်အခုလဲသူ့ကိုစောင့်ရင်းအာရုံတွေပျံ့ နေတဲ့
အချိန်ပန်းချီခန်းထဲမှာစုတ်တံကိုကိုင်ရင်း
စုတ်ချက်တိုင်းကိုစိတ်မပါပဲ
ရေးခြစ်နေပေမဲ့လည်းအကြမ်းအားဖြင့်သူ့ပုံဖြစ်နေပြန်ပြီပဲ
Wang Yibo...wang yibo...
မင်းငါ့ဘဝကိုဘယ်လောက်တောင်လွှမ်းမိုးထားပြီလဲ...
မင်းမရှိတော့မဲ့ငါ့ရဲ့အနာဂတ်ကိုတွေးရင်း
ငါမျက်ရည်ကျနေခဲ့ရတာအချိန်တိုင်းပါပဲလား
YOU ARE READING
By your side(COMPLETED )
Fanfictionမင်းငါ့ကိုမချစ်ရင်တောင် ငါကမင်းဘေးမှာအမြဲတမ်းရှိနေမှာ ချစ်ခြင်းတရားကမရှုတ်ထွေးပါဘူး ကျနော်တို့ကရှုတ်ထွေးအောင်လုပ်ခဲ့ကြတာ Always By Your Side By ...