The Darkness

548 36 0
                                    

Part-8

ကြယ်​​လေးလင်းထိန်​နိုင်​ဖို့
ကောင်းကင်​တစ်​ခွင်​လုံးကို
အ​မှောင်​ချ​ပေးခဲ့တဲ့ငါ...
နေမင်းကြီးရဲ့အပူရှိန်​​တွေ​ကြောင့်
ကြယ်​​လေးအ​လင်း​ရောင်
မ​တောက်​ပနိုင်​​တော့တဲ့အချိန်​မှာ...
အ​မှောင်​ဖြစ်​​ပေးခဲ့တဲ့​ကောင်းကင်​ကြီးကို
ကြယ်​​လေးသတိရပါဦးမလား...
တို​တောင်းလွန်းတဲ့
ညအချိန်​​လေးအတိုင်းပဲ
ကြယ်​​လေး​တောက်​ပရတဲ့
အချိန်​နည်းလွန်းတယ်​...
ဒီအ​မှောင်​ခဏတာကို
ကြယ်​​လေးအတွက်
ဆွဲဆန့်​​ပေးချင်​တယ်
ကျ​နော်​ကညတာကို
သူ့အတွက်​ဆွဲဆန့်​​ပေးချင်​​ပေမဲ့
ကြယ်​​လေးက​တော့သူ့​နေမင်းကြီး
မ​တောက်​ပနိုင်​မှာပိုပြီးစိုးရိမ်​​နေရှာတယ်

"STARS CAN'T SHINE WITHOUT DARKNESS"

တဲ့...ဒါ​ပေမဲ့ကျ​နော့်​ရဲ့
ချစ်​ရပါ​သောကြယ်​​လေးက​တော့
သူမ​တောက်​ပရရင်​​နေပါ
သူချစ်​တဲ့​နေမင်းမ​တောက်​ပနိုင်​​တဲ့အချိန်​မှာ
ကြယ်​​လေးကသူ့အတွက်​​နောက်​ဆုံး
အ​လင်း​ရောင်​ဖြစ်​​ပေး​နိုင်​ဖို့
နေမင်း​ဘေးမှာအမြဲရှိ​နေချင်​ရှာတယ်​...

သူကိုယ်တိုင်​​နာကျင်​ရလည်း
ရှေ့ပဲဆက်​တိုး​နေတယ်
မတုံးအလွန်းဘူးလား...
ကျ​နော်​တို့အားလုံးချစ်​မိတာနဲ့
ဆင်​ခြင်​နိုင်​စွမ်း
ပျောက်​ကွယ်​ကုန်​တယ်​ထင်​ပါရဲ့

မဖြစ်​နိုင်​မှန်းသိ​နေရက်​နဲ့
လည်း​ရူး​ကြတာပါပဲကျ​နော်​အပါအဝင်​​ပေါ့
သူ​လေးရဲ့ အ​လင်း​ရောင်​​လေးမြင်​ရဖို့ကို
ကျ​နော်​အားလုံးလွှတ်​ချဖို့အသင့်​ဖြစ်​​နေတာ...

ဘာပဲဖြစ်​ဖြစ်​​လေ...
နေ့အချိန်​မှာကြယ်​​လေးကိုမမြင်​ရ​အောင်
နေမင်းကဖွက်​ထား​ပေမဲ့
ကြယ်​​လေး​ကောင်းကင်​မှာ
ရှိ​နေမှန်းသိတာပဲ​လေ

____________________________________

သူyiboကိုချစ်​​နေမှန်းမသိတဲ့အထိ
ကျ​နော်​ကတုံး​နေတာမဟုတ်​...

တစ်​ခါတစ်​​လေ ပါးစပ်​ က
ထုတ်​မ​ပြောလည်း
ချစ်​ရသူရဲ့မျက်​ဝန်းက​နေတစ်​ဆင့်
သူ့နှလုံးသားထဲ
ဘယ်​သူရှိမှန်းသိ​နေရတယ်

By your side(COMPLETED )Where stories live. Discover now