Zawgyi
Flash back............
Xiao Zhan 6 Years Birthday
"မားမားရေ သားဖယောင်းတိုင်မှုတ်လိုက်တော့မယ်နော်''
"မှုတ်ပါသားလေးရယ် မားကသားဆုတောင်းတာပြီးပါ့မလားလို့''
"မားကလည်း ဟီးဟီး''
ယုန်သွားလေးတွေပေါ်အောင်ပြုံးပြနေတဲ့ကလေးရှောင်အိမ်တော်ရဲ့ချစ်မဝလေး။
"ကဲ ရှောင်လေး ပါးပါးနဲ့မားမား ဘယ်သူ့ကိုမုန့်အရင်ခွံ့မလဲ''
ရှောင်လုဖေးမေးလိုက်တော့မေးစေ့လေးကိုပွတ်ကာစဉ်းစားနေပုံကတကယ့်လူကြီးပေါက်စလေးအတိုင်း။
"ပါးပါးကလည်း ပါးကိုအရင်ကျွေးရင်မားအတွက်မမျှတဘူး မားကိုအရင်ကျွေးရင်လည်းပါးအတွက်မမျှတဘူး
အဲ့တော့............. မျှတသွားအောင်သားပဲအရင်စားလိုက်မယ်လေ''"ဟောဗျာ မွေးရကျိုးနပ်လိုက်တဲ့သားလေး''
"ရှင်နော် ကျွန်မသားကကျွန်မနဲ့တူတာပါ ဟုတ်တယ်မှတ်လား ရှောင်လေး''
"အွင်း ဟုတ်မယ်ထင်တာပဲ''
"ဘာပြောတယ် မားကိုလာစတယ်ပေါ့ တွေ့မယ်''
"မားရေ မစနဲ့ ခိခိ ယားတယ် မား ခိခိ''
ရယ်သံတွေပြည့်နှက်နေတဲ့အိမ်ကလေးကမကြာခင်ကျရောက်လာမယ့်ကံကြမ္မာဆိုးကိုမမြင်နိုင်ကြရှာ။
"ပါး သားအတွက်လက်......''
"တင်းတောင် တင်းတောင် ''
ရှောင်ကျန့်စကားမဆုံးခင်ကြားလိုက်ရတဲ့bellမြည်သံကြောင့်သုံးယောက်လုံးရဲ့မျက်လုံးတွေကတံခါးဆီသို့။
"အကို ဧည့်သည်ခေါ်ထားတာလား''
"ကိုယ်မခေါ်ထားပါဘူး မေလျဲ့ရောခေါ်ထားသေးလား''
"မခေါ်ထားပါဘူး''
"တင်းတောင်''
ထပ်မံထွက်ပေါ်လာသောbellမြည်သံကြောင့်ရှောင်လုဖေးတစ်ယောက်ထကာ
"ကိုယ်သွားဖွင့်လိုက်မယ် မေလျဲ့''
ရှောင်လုဖေးတံခါးဖွင့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကမတစ်ကိုယ်လုံးမိုးရေတွေစိုနေတဲ့မိန်းကလေးတစ်ဦး။သူမလက်ထဲမှာတော့တစ်နှစ်သားအရွယ်ကလေးငယ်လေးကအပြစ်ကင်းစွာအိပ်မောကြလျက်။ရှောင်လုဖေးသူမအတွက်ထွက်ပေါ်လာတဲ့နာမ်စားတစ်ခုက
YOU ARE READING
တောင်းပန်ခွင့်လေး (Unicode&Zawgyi)
Fanfikceကိုကို ကျွန်တော့ကိုမုန်းသွားပြီထင်တယ် Hk မဟုတ်ဘူး ရွံသွားတာနေမှာပါ Wang Yibo ကိုကိုအရမ်းမှားသွားပြီ ကလေးရယ် ကိုကို့တောင်းပန်သံတွေကိုကြားပါလေစ ကလေးငယ် ကလေးမကြားနိုင်တော့ပေမယ့် ကိုကိုနေ့တိုင်းပြောနေစဲပါ ...