တောင်းပန်ခွင့်လေး Part 8(Unicode & Zawgyi)

3.5K 222 19
                                    

Unicode

"ဝမ်...ဝမ်...ချောင်''

"ဘာလို့လန့်သွားတာလဲ ကောကောကိုပြန်တွေ့တာမပျော်ဘူးလား
သုံးနှစ်လောက်နိုင်ငံခြားထွက်သွားတာ
ပြန်လာတော့ပျောက်နေလို့မနည်းလိုက်ရှာရတယ်
ဘာလဲ လွန်ခဲ့တဲ့လေးနှစ်ကကိစ္စကိုမေ့သွားတာလား
Leo''

" ကျွန်...ကျွန်တော်မမေ့ပါဘူး''

"တော်သေးတာပေါ့ မေ့များသွားသလားလို့
ဒါနဲ့အဲ့ဒီဒေါက်တာလေး...''

"ခင်ဗျား သူ့အကြောင်းပြောစရာမလိုဘူး
ကျွန်တော်ကြောင့်ဖြစ်တာ
ကျွန်တော်နဲ့ပဲရှင်း''

ရိပေါ်အသံဘယ်လောက်ကျယ်သွားသလဲတော့မသိ။
ဝမ်ချောင်နားပင်ထပိတ်ရသည်အထိ။
ဆေးရုံစကြံမှာလူပြတ်၍သာတော်သေးသည်။

"အိုး ဟိုး ဟိုး နားတောင်ကန်းတော့မယ်
ဒါပေမဲ့ တရားခံကသူလေ
မင်းမှမဟုတ်တာအဲ့ကိစ္စသာလူတွေသိသွားရင်
သူ့ရဲ့ဂျူတီကုတ်တောင်ချွတ်ရနိုင်တယ်နော် Leo''

"ခင်ဗျား ဘာဖြစ်စေချင်တာလဲ
ကျွန်တော်အကုန်လုပ်ပေးမယ်
သူ့ကိုသာမထိနဲ့''

"Okလေ အဲ့စိတ်ဓာတ်ကိုတော့ကြိုက်သွားပြီ
ငါဘာဖြစ်ချင်သလဲသိချင်ရင်
မနက်ဖြန် Devilကိုလာခဲ့
မင်းမရှိတော့customerတွေတောင်လျော့သွားတယ် ကဲ ငါသွားပြီ ''

ဝမ်ချောင်ကလှောင်ပြုံးတစ်ချက်ပြုံးကာထွက်သွားပေမဲ့
ရိပေါ်ကတော့ကျောက်ရုပ်ပမာမလှုပ်မယှက်ရပ်နေတုန်း။
ခုနကတင်းထားသမျှစိတ်တွေဖြေလျှော့လိုက်တော့
ခြေထောက်ပင်မခိုင်ချင်တော့။

**Devil ငါထပ်သွားရဦးမှာလား
အဲ့နေရာကို?????**

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝမ်ချောင်ဆေးရုံကောင်တာမှာမေးပြီး
အခန်းနံပါတ်၁၀၇၅သို့ဝင်လာခဲ့သည်။
အခန်းထဲဝင်လိုက်တော့ကုတင်ပေါ်က
ကောင်မလေးကဆေးပိုက်များစွာဖြင့်
ဖြူဖျော့စွာလဲလျောင်းလျက်။
ဝမ်ချောင်လည်းကောင်မလေးရဲ့
လက်ကလေးကိုဆုပ်ကိုင်ကာ
အနမ်းချွေလိုက်သည်။

"ဖေးဖေး ကိုကိုလာတယ်လေ
အခုချိန်ထိမထသေးဘူးလား
သုံးနှစ် သုံးနှစ်တောင်ရှိပြီလေ
ထသင့်နေပြီမဟုတ်ဘူးလား
ညီမလေး မနိုးလာခင်
ကိုကိုကစားပွဲတစ်ခုကစားမယ်လေ
ပျော်ဖို့တော့ကောင်းမှာပါ
ဒီကစားပွဲမှာဘယ်သူကဇာတ်အနာဆုံးဖြစ်မယ်ထင်လဲ
Leoကိုမထိခိုက်စေချင်ရင်
ညီမလေးပြန်နိုးလာရမယ်နော်''

တောင်းပန်ခွင့်လေး (Unicode&Zawgyi) Where stories live. Discover now