[ Author Note❕- Jeno နဲ့ Jaeminက အပြင်မှာ အသက်မကွာပေမယ့် ficရေးတာမို့ နှစ်နှစ်ကွာထားတဲ့အတွက် အခေါ်အဝေါ်တွေကို စိတ်အဆင်မပြေခဲ့သည်ရှိသော် အားနာပါကြောင်း ။ မင်းနဲ့ငါလို့ ရေးမလို့ပေမယ့် တွေးထားတဲ့ Story Lineကြောင့် နည်းနည်း ပြောင်းလိုက်ရပါကြောင်း ။ ]
Description -
" ဒီလောကကြီးထဲမှာ ဘာလုပ်ရတာ သဘောအကျဆုံးလဲ "
" ကျွန်တော်က ကိုကို့ကို ပုန်ကန်ရတာ "
→→→→→→→→→→→→→→→→
" ကျောင်းရောက်ပြီလား ? "
" ကိုကို .. ကျွန်တော်ကျောင်းမတက်ဘူးလို့ ပြောထားတယ်လေ ။ "
" ကိုကိုက မင်းကျောင်းတစ်ပတ်ပြည့်အောင်တက်ရင် ဘာပေးမယ်လို့ ပြောထားလဲ Na Jae .. "
" Rolex .. "
" အဲ့တာဘာလို့ကျောင်းမသွားတာလဲ ? နာရီမလိုချင်လို့လား ? တခြားဟာ ပြောင်းပေးရမလား ? "
" ကိုကိုကလည်းဗျာ ။ ကျွန်တော်တက္ကသိုလ်ကျောင်းသားပါ။ မတက်လည်း ဘာမှမဖြစ်တာကို ဘာလို့အဲ့လိုလုပ်နေတာလဲ "
" မင်းမို့လို့ပေါ့ Jaemin ရဲ့ ။ မင်းလေးဖြစ်နေလို့ပေါ့ ။ "
" တော်ပါ ။ မတက်ဘူး .... ဒီနေ့ ။ "
မတက်ဘူးလို့ ပြောပြီးမှ အသံပြန်ထိန်းလိုက်ရင်း ဒီနေ့လို့ ဆက်ပြောတဲ့ Jaeminက ချစ်စရာအတိ ကောင်းလှသည် ။
" ဒီနေ့ပဲနော် ။ Jaeminnieက လိမ္မာတယ် ။ "
" မလိမ္မာဘူး ။ "
" လိမ္မာပါတယ်ကွာ ။ "
" မလိမ္မာဘူး ။ "
" လူဆိုးလေးဆို ဘာလုပ်သင့်လဲ ။ "
" လက်ထပ်လိုက် ။ "
" ဟောဗျာ ။ လက်ထပ်တာတော့ ခဏနေဦး .. ခြောက်နာရီလောက်ကျ ညနေစာစားဖို့ လာခေါ်မယ် ဟုတ်ပြီလား .. စိတ်ကောက်နေရင် ပြေဦး ။ "
" မပြေဘူး ။ "
" Jaemin Na .. "
" ဖုန်းချပြီ ဒါပဲ ။ "
Jenoကတော့ သူ့ရုံးခန်းထဲ ခေါင်းတခါခါနဲ့ ။ Jaeminနဲ့သူ စတွေ့တုန်းက လူဆိုးလေးက ရန်ဖြစ်ပြီး ပြန်အလာမှာ ယိုင်တိုင်တိုင်နဲ့မို့ စေတနာပိုရင်း သွားမေးမိတာကို ဆွဲထိုးမယ်လုပ်လို့ မနည်းပြောခဲ့ရတာ ။