- ငယ် - နှောင်း.... episode (2)
---------------------------ညီလေးငယ်ရင်တစ်ခုလုံး ထွေရာလေးပါးသောကများနှင့်လေးလံ၍နေ၏။ ခနတစ်ဖြုတ်အချိန်လေးအတွင်း အမည်မျှပင်မသိသော လူသားတစ်ဦးကို စွဲလမ်းမိသွားသည့်အတွက် မိမိကိုယ်ကိုလည်း အထူးတလည်အံ့သြမိနေသည်။
မနေ့ညက အိပ်မက်ထဲတွင် သူ့မျက်နှာအားမမြင်တွေ့ခဲ့ရသည်ကို သတိထားလိုက်မိသည်နှင့် ထိုသူ့အတွေးထဲ သူကပ်ပါမသွားသည်က သေချာနေပြီပေါ့။ ခပ်ရူးရူး မျှော်လင့်ချက်တွေကို သူ ဘာကြောင့်များ ဆုပ်ကိုင်ထားနေမိမှန်းမသိ။ ခနတစ်ဖြုတ်တွေ့ခွင့်ရခဲ့သည့်သူ့ကို ထိုသူ့အတွေးထဲ ပြန်တွေးစေနိုင်လောက်အောင်ထိ ညီလေးငယ် ဘက်ကရော ဘာများပြုမူကြံဆောင်ခဲ့လို့လဲ။ ဒါကိုတောင် သူ့ကိုသတိတရရှိနေစေချင်သည် ဆိုတာကတော့ သိပ်မိုက်မဲလွန်းသွားပြီမဟုတ်လား။
မိုက်မဲသည်ဟုဆိုလာလျှင်လည်း ညီလေးငယ် ဝန်ခံရမည်သာ။ အိပ်မက်ထဲတွင် ထိုသူ့မျက်နှာကို မမြင်ရသည့်အခါ မူဟန်အသွင်အပြင်ကို ရှာကြည့်မိခဲ့သေးသည်။ စတိုင်ပင်အနက်ရောင်နှင့် အဖြူရောင်ဆွယ်တာကို ဝတ်ဆင်ခဲ့သည့် ညကထိုသူ့အသွင်အပြင်ကိုလည်း ညီလေးငယ် မမြင်ရ။ စမတ်ကျကျဝတ်စားပြင်ဆင်မှုအောက်မှ ညှင်းသိုးသိုးမှိင်းတိုင်းတိုင်း သူ့အကြည့်နှင့် သူ့အသံကိုလည်း မကြားခဲ့ရပါတကား။
တွေရီနေရင်းနဲ့မှကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသေးသည်။ အနည်းဆုံးတော့ နာမည်လောက်သိအောင်ကြိုးစားခဲ့သင့်သည်မဟုတ်လား။ ခုတော့ တစ်စိမ့်စိမ့်တမ်းတမိနေသည့် လူတစ်ဦးကို ဘယ်လိုအခြေအနေမျိုးနှင့် ညီလေးငယ် နောက်ထပ်ဆုံအောင် ကြံဆောင်ရမည်နည်း။
စဥ်းစားမရသည့်အဆုံး အိပ်ရာပေါ်တစ်ချက်နှစ်ချက် လူးလှိမ့်ပြီး ထထိုင်၍ ခေါင်းတစ်ခုလုံးက်ုကုတ်ခြစ်ပစ်လိုက်သည်။ ပြီးနောက် စိတ်ရူပေါက်စွာ အခန်းပြင်သို့ဆောင့်အောင့်ထွက်ကာ မျက်နှာသစ်ရန်ပြင်တော့ မီးဖိုခန်းအတွင်း ချက်ပြုတ်ပြင်ဆင်နေသော မေမေနှင်တန်းတိုးလေသည်။
"အငယ်ကောင် ဒီလအသုံးစားရိတ်ပေးတာ နှစ်သောင်းလိုသေးတယ်နော်...."
YOU ARE READING
- ငယ် - နှောင်း
General Fictionအချစ်ကြောင့် စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်တွေ ဖောက်ဖျက်မိသည့်အခါ.....