အမွာစာ(Z&U)
193 24 2
Oke
ကျွန်တော်ကစာရေးတာကိုဝါသနာကြီးတယ်
စာရေးရရင်ကိုပျော်နေတာ။ပြီးတော့ကျွန်တော်ဘယ်လောက်ထိလုပ်နိုင်တယ်ဆိုတာ ကျွန်တော့်ကိုအထင်သေးကြတဲ့ ကျွန်တော့်မိသားစု၊ကျွန်တော့်သူငယ်ချင်းတွေကိုပြသချင်တယ်။ဒီကမ်ဘာမှာ LGBT လူသားအဖြစ်မွေးလာတာအပင်ပန်းဆုံးပါပဲ။အလှောင်ခံရ အပြောင်ခံရတဲ့ဘဝလေးပါ။ရှက်လွန်းလို့ လူကြားထဲမတိုးကြတဲ့ LGBT လေးတွေလဲအများကြီးပဲ။ကိုယ်တိုင်က gay တစ်ယောက်ဆိုတော့လဲလောကဓံတရားကြားရဲ့ လှိုင်းတံပိုးရိုက်ခတ်မှုတွေ အထင်သေခံရမှုတွေ
အနိုင်ကျင့်ခံရမှုတွေကိုသိနေတာပေါ့။ဒါ့အပြင်ဖခင်အရင်းရဲ့ပစ်ပယ်မှုတွေ မိခင်ရဲ့ အတန်တန်တားနေတဲ့ကြားကနေ LGBT ဆိုတာကို ခံယူခဲ့တယ်။တစ်ခိျန်က ကျွန်တော့်ကို 'မင်းအခြောက်ပါကွာ'ဆိုပြီး လှောင်ခဲ့တဲ့သူငယ်ချင်းတွေအားလုံးLGBT ကိုလက်ခံလာစေချင်တယ်။ရှေ့တစ်မျိုး ကွယ်ရာတမျိုး အမျိုးမျိုးပြုမူတတ်တဲ့၊
ကိုယ့်သားသမီးအကြောင်းမသိဘဲ သူများသားသမီးရဲ့ ကိုယ်ရေးကိုဝင် စွက်ဖက်ချင်တဲ့  ပတ်ဝန်းကျင်ကြောင့် လေထဲမှာပဲ ပျောက်ကွယ်သွားတဲ့အိပ်မက်တွေ အများကြီးရယ်။ကျွန်တော်တို့မှာသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဒီလိုဘယ်ဝမျိုးကိုဘယ်သူကမှ တကူးတက ရွေးချယ်ခဲ့ကြမှာမဟုတ်ပါဘူး။
ကိုယ်မွေးကတည်းကဖြစ်တည်လာတဲ့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ကအစလေးစားရမယ်။
အဲ့ဒါမှ ကိုယ့်မိဘတွေဆွေမျိုးတွေကပါ လေးစားလာမှာပါ။
ဖြစ်တည်မှုတိုင်းက ရွေးချယ်ခွင့်မရှိကြပါဘူး။
ရတဲ့အခြေအနေလေးကို တန်ဖိုးထားတတ်ကြပါစေ။
Oke
He...Where stories live. Discover now