Chapter-2(Z&U)

143 17 2
                                    

ထိုနေ့နေ့လည်ကတည်းကလေပြင်းများတိုက်ခတ်နေသည်။မိုးကောင်းကင်သည်လည်းအုံ့မှိုင်းနေသည်။သူရိန်နေမင်းကြီးသည်လည်းတိမ်ညိုညိုတို့နောက်တွင်ကြောက်လန့်လှသောကြောင့်ပုန်းကွယ်နေသည်။လေထုထဲတွင်ပါလာသော စိုထိုင်းထိုင်း ရေငွေ့များကြောင့် သစ်ရွက်တို့၌ရေစက်ငယ်များခိုစီးနေသည်။

အလင်းပျောက်၍အမှောင်ရောက်ခဲ့ပြီ။

နေ့ခင်းကတည်းက ဇွဲ ကိုယ်တွေနွေးနေသည်။
ကံဆိုးချင်တော့ နာဂစ်မုန်တိုင်း ယနေ့ဝင်မည်ဟုလည်းကြေညာထားသေးသည်။
ဇွဲသာရုတ်တရက်ဖျားလျှင်ဒုက္ခဟု စဉ်းစားမိသဖြင့်
သူတို့မိသားစု ထက်အောင်ရှိုင်းတို့အိမ်၌ နေထိုင်ရန်ခွင့်တောင်းသည်။

လိုအပ်သော သယ်ပိုးစရာများကိုထုပ်ပိုးပြီး
ထက်အောင်ရှိုင်းတို့အိမ်သို့ထွက်လာခဲ့သည်။

ညနေ ၆ နာရီ........

မိုးများစတင်ရွာပြီး လေပြင်းများစတင်တိုက်ခတ်လာသည်။
အချိန်များကတဖြည်းဖြည်းကုန်ဆုံးလာသလို မိုးလေတို့လည်း တစ်ဖြည်းဖြည်းကြမ်းလာသည်။
မိဘများထင်သည့်အတိုင်းပင် ဇွဲအဖျားတက်လာသောကြောင့် ဆရာဝန်ဇနီးမောင်နှံကပင်ကြည့်ကြပ်ပြီး ဆေးထိုးပေးလိုက်ကြသည်။

ဇွဲကို ထက်အောင်ရှိုင်းနှင့်အတူအိပ်ခိုင်းပြီး
လူကြီးများက ဧည့်ခန်း၌စကားပြောနေခဲ့သည်။

ကလေးငယ်နှစ်ယောက်ကိုအနွေးထည်များထပ်ဝတ်ပေးကာစောင်ချုံပြီး ကုတင်ပေါ်၌သိပ်ထားလိုက်သည်။
ဇွဲ ကမူအဖျားရှိန်ကြောင့်မှိန်းနေသော်လည်း ထက်အောင်ရှိုင်းကမူ အပြင်ဘက်မှ မိုးသံ လေသံ တဝေါဝေါကိုနားထောင်ရင်းအိပ်မပျော်။
အရှေ့ရှိ အိပ်ပျော်နေသောဇွဲအား ငေးကြည့်ရင်း
ပါးကလေးများကို ညှစ်မိနေသည်။နှာခေါင်းထိပ်ဖျားလေးကို လက်ကလေးနဲ့ခပ်ဖွဖွ တို့ထိမိနေသည်။ဇွဲ မည်မျှပင် ပိန်ပါစေ ပါးပြင်နုနုကားပြည့်ပြည့်ဝဝနှင့် သွေးကြောကလေးများက ယှက်ဖြာနေသည်။

လေးလံလာသောမျက်ခွံများကြောင့်ဇွဲကို ဖက်ကာအတတ်နိုင်ဆုံးအိပ်ပျော်ရန်ကြိုးစားရတော့သည်။

He...Where stories live. Discover now