မနက် 7 နာရီလောက်မှတံခါးပြန်လာဖွင့်တော့အိမ်အမြန်ပြေးပြန်ရတယ်
အိမ်ထဲဝင်လာတော့အားရီကလွဲပီးဘယ်သူမှမရှိနေXiao zhan.အားရီ...ပါးကော
အားရီ.သူဋ္ဌေးအိမ်ပေါ်မှာရှိတယ်ကွဲ့ သားလေးမနေ့ကဘာလို့အိမ်ပြန်မလာတာလဲ
Xiao zhan.ကျောင်းဂိုဒေါင်နားအပိတ်ခံလိုက်ရလို့ပါ ဖုန်းဆက်မယ်ဆိုတော့ဖုန်းကအိမ်မှာကျန်ခဲ့တာမို့
အားရီ.ဒါဆိုလည်းအဖေကိုပြန်ရောက်ကြောင်းအကြောင်းကြားလိုက်မနေ့ကသူတော်တော်လေးစိတ်ပူနေတာ သားသူငယ်ချင်းတေနားမေးတော့လည်းမရှိဘူးဆိုတော့သူ့ခမျာဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိ
Xiao zhan.ဟုတ် အဲ့တာဆိုသားသွားလိုက်အုံးမယ်
ပါးအခန်းရှေ့ရောက်တော့တံခါးအသာလေးခေါက်ကြည့်လိုက်တယ်
Mr.xiao.ဝင်လာခဲ့
Xiao zhan.ပါး
သူ့ကိုမြင်တော့ဆိုဖာပေါ်ကနေအလျင်အမြန်ထလာပြီး
Mr.xiao.သားဘယ်တေသွားနေတာလဲ မနေ့ကသားပျောက်တော့ပါးဘယ်လောက်စိတ်ပူတယ်မှတ်လဲ
Xiao zhan.တောင်းပန်ပါတယ် တကယ်တော့သားကျောင်းဂိုဒေါင်နားပိတ်မိသွားလို့ပါ ပါးကိုဖုန်းဆက်ဖို့လုပ်တော့ဖုန်းကအိမ်မှာကျန်ခဲ့တာနဲ့
Mr.xiao.အင်အင်ရပြီ သားပြန်လာရင်ကိုရနေပြီ သားဒီနေ့ကျောင်းမသွားရင်မသွားနဲ့တော့ သားတစ်ညလုံးကောင်းကောင်းမအိပ်လိုက်ရဘူးမလား
Xiao zhan.အာ..အဲ့လောက်ထိမဟုတ်ပါဘူးပါးရဲ့ သားကျောင်းသွားပါ့မယ် အလကားနေရင်းကျောင်းပျက်ရင်စာတေနောက်ကျကုန်မှာ
Mr.xiao.ဟုတ်ပါပြီ..အဲ့တာဆိုလည်းပြင်ဆင်စရာရှိတာပြင်ဆင်တော့
Xiao zhan.ဟုတ်
ပါးအခန်းကနေပြန်ထွက်လာတော့အားရီကရေခဲခွက်နဲ့အဝတ်စကိုင်ထားတာမို့
Xiao zhan.အားရီ ဘာလုပ်မို့လဲ
အားရီ.အော်...အာ...ဒါလား ..ဟို...ဟိုလေ..အားရီ...အားရီခြေထောက်နာနေလို့ရေခဲကပ်ထားမို့ပါ
ခုနကလမ်းလျောက်တာအကောင်းကြီးပါ ပြီးတော့စကားတေလည်းထစ်နေတယ်