Above all, I choose you (Uni)

229 14 2
                                    

နာနာကျင်ကျင် ပြုံးပြနေတဲ့ မင်းကို ကိုယ် မတားဆီးရက်ဘူး....။

"မင်းသူ့ကိုချစ်လား "

ကိုယ့်မေးခွန်းက မင်းကို အရမ်းအခက်တွေ့စေတာကိုယ် ရိပ်မိတာပေါ့...။ မူကြိုကလေးဘဝကတည်းက အခက်တွေရင် မျက်တောင်နှစ်ချက်မြန်မြန်ပုတ်ပြီး ခေါင်းကို အသာငုံ့သွားတာ မင်းအကျင့်။ လွန်ခဲ့တဲ့ နှစ်မိနစ်က လမ်းခွဲဖို့ပြောခဲ့တာ မင်းမဟုတ်တဲ့အတိုင်းဘဲ။

မင်းမျက်နှာလေးကိုဘဲ အမြဲအရိပ်တကြည့်ကြည့်နေခဲ့တယ် ဆိုတာ မင်းယုံမလားလေ။

" အင်း ချစ်တယ် ...ထင်တာဘဲ"

အမြဲ ဘာမဆိုပွင့်ပွင့်လင်းလင်းသွက်သွက်လက်လက်ဖြေတတ်တဲ့ မင်း.....။ တွေဝေနေတာတွေ့တော့ ကိုယ်မျှော်လင့်ချက်တွေ ပြန်ရှိလာသလိုလို...။

" ကောင်းပါတယ် မင်းကိုချစ်တဲ့သူနဲ့ နေရဖို့ထိုက်တန်ပါတယ်"

နှုတ်ခမ်းကိုက်လိုက်တဲ့ မင်း..
ကိုယ့်တုံ့ပြန်မှုတွေကို မင်းမကျေနပ်မှန်းသိတော့ ကိုယ် နည်းနည်းပျော်လာသလိုဘဲ။

" တောင်းပန်ပါတယ် ငါမင်းကို မစောင့်နိုင်တော့ဘူး။
ငါခုတော့လက်ခံသွားပြီ မင်းငါ့ကို ဘယ်တော့်မှရွေးချယ်မှာမဟုတ်ဘူးဆိုတာ
ဒီတော့ ငါ....ငါ ငါ.ကိုတကယ်ချစ်ပြီး ဂရုစိုက်တဲ့ သူကို ငါ့အချစ်တွေပုံအောလိုက်တာ "

# မင်းကိုမရွေးချယ်ဖူးတဲ့လား ...

ဟုတ်ခဲ့တယ်..
မင်းကို ကိုယ် ပင်ပန်းအောင် အမြဲလုပ်မိခဲ့တယ်
ကိုယ့်ကြောင့်လဲမင်းအမြဲ ငိုကြွေးခဲ့ရတယ်..

" ခုအားလုံးအဆင်ပြေပြီလေ မင်းလဲ ကွာရှင်းစရာမလိုတော့လို့ မင်းအိမ်ကလဲမင်းကို အပြစ်တင်တော့မှာမဟုတ်ဘူး။ ငါလည်း........ပျော်နေပြီ"

အဆုံးမှာ မင်းအသံတိမ်ဝင်သွားတာကိုကိုယ်မကြိုက်ဘူးလို့ပြောရင် မင်းဘယ်လိုတုံ့ပြန်မလဲ..။  ကျောင်းတုန်းကလိုဘဲ ကိုယ်မကြိုက်တာကိုမလုပ်မိအောင် မင်းကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်မှာလား။
ခုတောင် မင်းငိုချင်တာကို ထိန်းထားရတာ မျက်နှာတစ်ခုလုံး နီနေပြီလေ.

What IfTempat cerita menjadi hidup. Temukan sekarang