Ep - 3

640 29 8
                                    

နားလည်မှုဆိုတဲ့ အရာဟာ အတိုင်းအတာ တစ်ခုအထိပဲ ရှိပါသည် ။ သိုကပေမဲ့ အချစ်ဆိုသော နှောင်ကြိုးတွေ အထပ်ထပ်တုပ်နှောင်ခံထားရသော ရုပ်သေးရုပါလေးအတွက် နားလည် မငဟာ မျက်ကန်းတစ္ဆတစ်ကောင်လို အရာရာကို အသိဉာဏ် မဲ့နေတတ်ပါသည်။ ဟိုးတုန်းကရော အခုရော Darling လက်ထဲမှာ ကျွန်တော်မဟုတ်သော လူများပေးတဲ့ ပန်းစည်းများပြည့်နက်နေတတ်ပေမဲ့ ဘာများစွတ်ဖက်နိုင်မှာလဲ ကျွန်တော်ဟာ သဘောထားမကြီး ပါဘူး ။ Darling အခြားတစ်ယောက်ကိုပြုံးပြရင်တောင် မုန်းတတ်တဲ့ ဘောင်ဘင်ခက်လူတန်းစားပါ ...

အဲ့ အရာတွေကို ဖော်ပြခြင်းမရှိပဲ .. နေကဓတူဝ အခန်းထဲမှာ ပိတ်လှောင်ခံထားရသော ဘ၀တစ်ခုတါင် အချိန်တန် ကျွန်တော်ဆီပြန်လာမှာ ပါဆိုသော ယုံကြည်မှုကို စွဲကိုင်လျက် တစ်ရက်ဆျုသော အချိန်ကာ ကြာရှည်လွန်းခဲ့ပါလားဆိုသော စကားအားပြောချင်ခဲ့ပေမဲ့ ကျွန်တော် က စွန့်ပစ်ခံရမှာကြောက်နေတဲ့ ကလေးတစ်ယောက်လိုပါပဲ ။

" ချစ် " 

ဟင့်အင်း ... ကျွန်တော့ ကို မခေါ်ပါနဲ့ ။

Yeol ဟာ အရှေ့က မျက်ရည်ဝဲကာ ထွက်သွားသော Kyungsoo အနောက်ကိုလိုက်သွားသည် ။

မိုးသံတွေကြားရောယှက်နေတဲ့ စကားသံတွေနဲ့ အတူ Kyungsoo ဟာ Yeol ရဲ့ ပြောသမျှကို လက်မခံပဲ ရေချိုးခန်းထဲဝင်ကာ လော့ချလိုက်သည် ။ သူ့စိတ်ကိုလည်းနားမလည်ခဲ့ပါ .. ကျွန်တော် မငိုဘူးဆိုရင်တောင် အလိုလို မျက်ရည်ကျဗနပြီး Darling ပြန်လာလို့ ပျော်ရွှင်ရမည်ကို ၀မ်းနည်းနေခဲ့သည် ။

အတွေးများတတ်တဲ့စိတ်ကို ချိုးနှိမ်ထားလို့လည်း မရဘူး ။ Darling မမှားဘူး ...ဒါဆို ကျွန်တော်လား ? ဟင့်အင်း ... ကျွန်တော် အခုလိုးလို့ မရဘူး Darling စိတ်ကုန်သွားရင် ဘယ်လိုလုပ်မလဲ ။ Darling ပတ်ဝန်းကျင်မှာရှိနေတဲ့ အမျိုးသမီးတွေကိုလည်း မုန်းသည် ။

အမုန်းတွေပြည့်နေတဲ့ Devil တစ်ကာင်ကတော့ Happy Ending တစ်ခုကို တန်ဆာဆင်ထားပေမဲ့ .. ကျွန်တာ် သဘောထားကြီးတဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ချင်ပါသည် ။ ဒါ့မှမဟုတ် စိတ်သဘောထားပြည့်ဝတဲ့ စင်ဒရဲလားလေးလား ။ Darling အတွက် ... 

Anything For You ~Where stories live. Discover now