Ep - 4

492 22 0
                                    

မနက် ၄နာရီဆိုသောအချိန်ဟာစောလွန်းလို့ မိုးကောင်းကင်မျာ အလင်းရောင်နည်းနည်းလေးတောင် မတွေ့ရသေးပါ ။ ညနေကရွာထားသော မိုးစက်တွေကြောင့် စိုစွတ်နေသောမြက်ခင်းပြင် တစ်ခုကိုနင်းလိုက်တိုင်း အေးစက်စက် ရေမှုန်တွေက ကျွန်တော့ ခြေထောက်ကို တစ်ခါတစ်ရံလာရိုက်ခက်သည် ။နီညိုရောင် ဂှင့် အနွေးထည် တစ်ထည်နှင့် အနက်ရောင်ဘောင်းဘီရှည်ကို ၀တ်ထားသော Yeol ကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ကြည့်ကောင်းနေဆဲပါပဲ ။ 

Kyungsooဟာ သူ့ကျောပိုးအိတ်ကို လွယ်ရင် အပြေးအလွှားလာသည့်တိုင် သူ့ပုံစံက အိပ်ချင်မူးတူးဖြစ်နေဆဲ ပါပဲ ... ဒီလိုအချိန်ကြီး နှစ်ယောက်သားကတော့ ခြံထဲက ကားကို အလျှင်အမြန် နိုးကာ အိမ်ဖြင့်ဝေးရာကို ထွက်သွားခဲ့သည် ။

SK ကိုသွားတဲ့လမ်းဟာ အရမ်းကိုရှင်းလင်းပြီး ရာသီဥတုကတော့ေ အးစက်စက် နိုင်ဆဲပါပဲ ။ Soo ဟာ သူ့ရဲ့ အိပ်ရေးပျက်မှု ကိုအတိုးချကာ ကားထဲမှာ အိပ်နေခဲ့သည် ။ Yeol ကတော့ အေးစက်နေတဲ့ လက်လေးတစ်ဖက်အားဆုပ်ကိုင်ရင်း ကာူးကိုသာ ဂရုတစိုက်မောင်းနေခဲ့သည် ။ ဒီအချိန်ကြီး ဘာလို့ SK ကိုလာရလဲဆိုတော့ အဖြေကရှင်းပါသည် ... ဘယ်သူမှ သတိမထားမိအောင်ဖြစ်သည် ။ ဟိုးအရင်ထဲက ပုန်းကွယ်နေရတဲ့ ပိတ်လှောင်မှုတွေအောက်မှာ သူတို့နှစ်ယောက်နေသားကျနေပြီ ။ ဘယ်သူကများအမှန်တရားကို ချစ်မြတ်နိုးပါသလဲ ။ သန်းပေါင်းများစွာသော fan တွေပိုင်ဆိုင်ထားသောကောင်လေးတစ်ယောက်ဟာ သူ့ဘ၀ကို ပျော်ရွှင်စွာ နေဖို့ ခဲယင်းနေသတဲ့ ...

SK အဆောက်အအုံရဲ့ မြေညီထက် ကားပါကင်မှာ အနက်ရောင်ကားလေးနေရာယူပြီးတဲ့နောက်မှာ . Yeol ဟာသူ့ဘေးမှာ အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ နဖူးကို နမ်းရှိုက်လိုက်ပြီး ..

( ချစ် ရောက်ပြီ )

ပြွတ်စ် ... အနမ်းတွေက ရိုးအီသည်မရှိသော နှုတ်ခမ်းတွေပေါ်ကိုသတ်ရောက်ပြန်သည် ။ မနက်စောစော အနမ်တွေနဲ့ ကြိုဆိုသော နှစ်ယောက်သားကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို မေ့မေ့ လျော့လျော့ ဖြစ်နေသည့်ပုံပင် ... ပြင်းပြစွာခုန်နေသော နှလုံးသားတွေနဲ့ အတူ ပန်းရောင်နှုတ်ခမ်းသားကနေ စိမ့်ယိုထွက်လာသောအရည် တွေကိုတောင် ဂရုစိုက်ခြင်း အလျင်းမရှိ ....

Anything For You ~Where stories live. Discover now