part - 1

93 7 1
                                    

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသား ပြည်သူများ၏ဘဝ သာယာချမ်းမြေ့ရေးအတွက် အသက်သွေး ပေးလူထားသော သူ့ဘဝ ၊ နိုင်ငံတော် လုံခြုံရေး ကိစ္စအဝဝအတွက် ကျရာတာဝန်ကို ဦးဆွေးဆံမြည့်ထမ်းရွက်ရာတွင် သေစာရင်း ကြိုတင်သွင်းထားရသော သူ့ဘဝကို သူပြန်စဉ်းစားရင်း Chanyeol အတွေးထဲမှာ ပြုံးလိုက်သည်။

လူ့လောကမှာ လူနှစ်မျိုးနှစ်စားသာရှိသည်။
နိုင်ငံတော်ကို ကာကွယ်တည်ဆောက်သူ။
နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူ ။
ဒီနှစ်မျိုးသာရှိသည် ။

သူသည် နိုင်ငံတော်ကို ကာကွယ်တည်ဆောက်သူ တစ်ဦးအပါအဝင်ဖြစ်၏ ။ သူ့တာဝန်မှာ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်စီးသူမှန်သမျှ ရှာဖွေသုတ်သင်ရမည့် တာဝန်ဖြစ်သည်။

အသက်ကိုရင်း၍ နေ့စဉ်နှင့်အမျှ ပြေးလွှား ရုန်းကန်နေရသော သူ့ဘဝထဲသို့ တစ်နေ့တစ်ချိန် တစ်နေရာမှ Byun Baekhyun ဆိုသော ကောင်ချောချောလေးတစ်ယောက် ဝင်ရောက်လာခဲ့လေသည်။

တစ်အိုးတစ်အိမ် အတည်တကျနေချင်လှသော baekhyun သည် လက်ထပ်ဖို့အရေးကို ဆွေးနွေးရှာသည်။ အကြိမ်ပေါင်းမနည်းလှ ။

အသက်လောက်ချစ်သော ၊ အသက်လိုချစ်သော ၊အသက်ထက်ချစ်သော baekhyun ကို သူလက်ထပ်ချင်သည်မှာ အမှန်ပင် ။

သို့သော် လက်ထပ်ဖို့အရေးတွေးလိုက်တိုင်း တစ်စုံတစ်ခုသော ဖော်ပြမပြောသာသော အရာတစ်ခု တုံ့ဆိုင်းတားဆီးနေသလို ခံစားရ၏။

သက်ပြင်းချလိုက်မိသည်။
Baekhyun ကို စောစောက နောက်ပြောင်မိ၍ ဟန်ဆောင်စိတ်ကောက် မူနွဲ့နေသည်။

yeol - " အချစ်ကလေးရေ...."

chanyeol တစ်ခါ တစ်ခါ အလွန်ချွဲတတ်သည်။ ကျားကျားလျားလျား ထောင်ထောင်မောင်းမောင်း လက်မောင်းကြွက်သားများနှင့် ဝမ်းဗိုက်မှာ sixpack များနှင့် သူ့ခန္တာကိုယ်ကြီးနှင့် မလိုက်ဖက်အောင် ချွဲတတ်သည် ။

ပြေးဟယ် ၊ လွှားဟယ် ၊ တိုက်ဟယ် ၊ ခိုက်ဟယ် ၊ သတ်ဟယ် ၊ ဖြတ်ဟယ် ၊ ပစ်ဟယ် ၊ ခတ်ဟယ် အမြဲတမ်း လူပ်ရှားကြမ်းတမ်းနေရသော သူ့ဘဝ၏ သဘာဝ ၊ သူ့အလုပ် သဘာဝနှင့် မလိုက်အောင်ပင် ချွဲတတ် ၊ နွဲ့တတ်သည် ။

ချစ်သူ လူစွမ်းကောင်းWhere stories live. Discover now