အလေ့အကျင့်က ပါနေပြီ ။
သူတို့နောက်က လူတစ်ယောက် အရိပ်လို လိုက်နေတာ ။ လူပေါင်းများစွာထဲမှာ ကိုယ့်နောက်ကို ရည်ရွယ်ချက်တစ်မျိုး ၊ မရိုးသားတဲ့ အကြံအစည်နဲ့ လိုက်နေသူကို သတိပြုမိတတ်သည့် ထိုအလေ့အကျင့်က Chanyeol တွင် ပါနေပြီ ။အမှန်တော့ ပါးနပ်ခြင်း ၊ လူကဲခတ်တတ်ခြင်း ၊ မျက်နှာအမူအရာ ဖမ်းတတ်ခြင်းကြောင့် လူတွေ ဘယ်လောက်များများ ၊ ကိုယ့်နောက်က အရိပ်လိုလူကို သိနေသည် ။
မနက်စောစော ဘူဆန်က Baekhyun အိမ်က ထွက်ခဲ့ကြသည် ။ ဟင်းဗူးတွေ ၊ ကင်ချီ ဗူးတွေ ၊ ဂဏာန်းငံပြာရည် ၊ ပုဇွန်ငံပြာရည် ဘူးတွေ များလိုက်တာ Baekhyun အိမ်မှာ ရှိသမျှ အကုန်ထည့်လာလား အောက်မေ့ရတယ် ဆိုလ်းက သူငယ်ချင်းတွေကို ပြန်ရောင်းစားမလို့တဲ့ သိပ်စီးပွားရေး မသောင်းကျန်းရှာဘူး ချစ်သူလေးက ။
အိမ်က ထွက်လာပြီး သူ့ သူငယ်ချင်းအိမ်ခဏဝင်လာသည် ။
Baekhyun သူ့ သူငယ်ချင်းတစ်ယောက်ကို ဝင်နူတ်ဆက်အုံးမလို့တဲ့ ၊ chanyeol ကားထဲက စောင့်နေခဲ့လိုက်သည် ။ ကားထဲကနေ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတုံး ကားနောက်ကြည့်မှန်ထဲက မြင်လိုက်ရသော....
လူတစ်ယောက်.... ။လူတွေ၏ မျက်နှာကို တစ်ခါတွေဖူးလျှင် တသက်မမေ့အောင် မှတ်ထားတတ်သော အလေ့အကျင့်ကို Chanyeol တွက် ပါနေပြီးသား ။ စိတ်ထဲမှာ သံသယ ဖျတ်ခနဲ ဝင်လာသည်နှင့် ဘယ်သူလဲ ၊ ဘယ်ကလဲ ၊ ဘယ်မှာတွေ့ဖူးသလဲ... ဟူသော မေးခွန်းများ ခေါင်းထဲဝင်လာသည် ။
သူလေ့လာ မှတ်သားထားသော မှတ်တမ်းဖိုင်တွဲများထဲမှ ဓာတ်ပုံများကို တစ်ရွက်ချင်း လှန်လှော ရှာဖွေသည့်အလား ၊ chanyeol ၏ ဦးနှောက်သည် လျင်မြန်သွာ အလုပ်လုပ်နေပေပြီ ။
အသက် 45.. 50လောက်ရှိမည် ၊အရပ် 5' 6 လက်မလောက် ၊ ကိုယ်နေဟန် ပြည့်ပြည့် ဒီထက်မပို၍ ဘာမှ မထူးခြား ။ လူကြားထဲမှာ ဆိုရင် ပျောက်သွားမည့် မျက်နှာမျိုး ။ အဝတ်အစားတွေက ခမ်မှိန်မှိန် ၊ ခပ်ရိုးရိုး ။ သူ့ကိုယ်နေဟန် ၊ သူ့မျက်နှာ ၊ သူ့အဝတ်အစား များသည် ဘာမှ မထူးခြား မပေါ်လွင် ။ ထင်ထင် ရှားရှား သတိပြုစရာမကောင်း ၊
YOU ARE READING
ချစ်သူ လူစွမ်းကောင်း
Acciónchanbaek ( yaoi fic )လေးပါ Chanyeol က လျို့ဝှက် အေးဂျင့်လေးပါ Baekhyun က chan ရဲ့ ချစ်သူကောင်လေး Sehun က chanyeol ငယ် သူငယ်ချင်း ငယ်ငယ်တုန်းက အတိုက်ခိုက် ပညာအတူ သင်ခဲ့တာ Kris နဲ့ Kai ကလဲ chanyeol လို လျို့ဝှက်အေးဂျင့်ပါပဲ Suho ကတော့ chanyeol တ...