part - 3

35 5 0
                                    

Chanyeol နှင့် Baekhyun တို့သည် ဘူဆန်က Byun အနားယူ စံအိမ်တွင် နွေရာသီ အပန်းဖြေနေကြခြင်းဖြစ်သည် ။

Chanyeol သည် ..... နိုင်ငံတော်၏ လုံခြုံရေး၊ အချုပ်အခြာအာဏာ ပိုင်စိုးရေးတို့အတွက် ပက်သက်နှောင့်ယှက်လာသမျှ ပြည်တွင်း ပြည်ပ အန္တရာယ်များကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရသည့် အဖွဲ့အစည်းကြီးတွင် Chanyeol သည် လျို့ဝှက်အေးဂျင့်တစ်ယောက် ဖြစ်သည် ။

လျိုဝှက်သော သူလျိုလောက အမှောင်ကမ္ဘာ အတွင်းမှာ လျို့ဝှက်စွာ တာဝန်ထမ်းဆောင် နေရသော သူတစ်ယောက်ဖြစ်၏ ။ အမြဲတစေ တာဝန်ထမ်းနေရသော သူတစ်ယောက် ဖြစ်၏။ အမြဲတစေ ပြေးလွှားလူပ်ရှား တိုက်ခိုက်နေရသူ ဖြစ်သည်။

နိုင်ငံတော်အတွက် သေစာရင်းတွင် ကြိုတင်သွင်းထားရသော အန္တရာယ်ကြားမှ လျို့ဝှက်ဝန်ထမ်းတစ်ယောက် ဖြစ်သော Chanyeol ၏ဘဝတွင် အေးမြကြည်သာ ပျော်စရာဟူ၍ Baekhyun ၏ ရင်ခွင်သာလျှင် ဖြစ်တော့သည် ။

နိုင်ငံ၏ရန်သူများနှင့် ဥာဏ်ချင်းပြိုင်၊ လက်ရုံးရေ ရင်ဆိုင်၍ တိုက်ခိုက်နေရသော သူ့ဘဝသည် အန္တရာယ်ထူပြောလှသည် ။ နိုင်ငံဖျက် သစ္စာဖောက်လူဆိုးဂိုဏ်းကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်၊ ယှဉ်ပြိုင်ရသော ပွဲများသည် ကြမ်းတမ်းခက်ခဲလှ၏။

Chanyeol တို့ အဖွဲ့အစည်းကြီးတွင် အတော်ဆုံး၊ အထက်မြက်ဆုံး ၊ အားအထားရဆုံး ထိပ်တန်းအေးဂျင့် အထူးအဆင့် ဝန်ထမ်း 5ယောက်ရှိသည့်အနက် Chanyeol သည် နံပါတ် 3ဖြစ်သည် ။

နံပါတ် 1 နှင့် နံပါတ် 2တို့နှစ်ဦးသည် ။ နိုင်ငံတော်လုံခြုံရေးအတွက် လျို့ဝှက်တာဝန်ကို တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့လေပြီ ။

ဝေးရပ်မြေခြားတစ်နေရာ ၊ ကမ္ဘာလောက၏ လူသူမသိ မထင်ရှားသော တစ်နေရာတွင် အမိနိုင်ငံတော်အတွက် အသက်သွေးကို စတေးပူဇော်၍ တာဝန်ကို ထမ်းရွက် သွားခဲ့ကြလေပြီ ။

တစ်နေနေ့ တစ်ချိန်ချိန် တနေရာရာမှာ Chanyeol သည်လည်း သူ့ရဲဘော် ၊ နောင်တော်သူရဲကောင်းများ၏ နောက်သို့ လိုက်ရမည်ကို သိထားသည်။ ရန်သူ၏ ကောက်ကျစ်ယုတ်မာသော အကြံအစည်များ ၊ ပရိယာယ်များ ၊ ထောင်ချောက်များ လှည့်ကွက်များကို သတိကြီးစွာ ရှောင်ရရှားရသည် ။ ကျည်ဆံထိတ်ဖူးများ ၊ ဓားများ ၊ လူသတ်လက်နက်အမျိုးစုံကိုလည်း သတိကြီးစွာ ရှောင်ရှားရသည် ။

ချစ်သူ လူစွမ်းကောင်းWhere stories live. Discover now