part - 2

37 4 0
                                    

တစ်ခါတုန်းက....

တစ်ခါတုန်းကဆိုတော့ ရက် ၊ လ ၊ နှစ် များ အတော်ကြာပြီ ။

Chanyeol သည် နိုင်ငံတော်၏ အရေးကြီးသော အဖွဲ့အစည်း တစ်ခုမှ ဝန်ထမ်းတစ်ယောက်အဖြစ် နိုင်ငံတော်၏ တာဝန်များကို သက်စွန့် ကြိုးပမ်း ထမ်းရွက်နေစဉ် အထူးတာဝန်တစ်ရပ်ကို ယူခဲ့ရဖူးသည် ။

ထိုတာဝန်မှာ တိုင်းပြည်သစ္စာဖောက် လူယုတ်မာတစ်ဦးကို ဖယ်ရှား ရှင်းလင်းပစ်ရသော တာဝန်ဖြစ်သည် ။

နိုင်ငံအတွင်းသို့ ဘိန်းဖြူအမှတ်( 5 ) စိတ်ကြွဆေးပြားများကို သွတ်သွင်း ယူဆောင်လာပြီး သွေးသစ် ၊ မျိုးဆက် ၊ မျိုးညွန့် လူငယ်များကို စနစ်ကျစွာ လိမ္မာကောက်ကျစ်စွာ ဖျက်စီးနေသော ဘိန်းဖြူကုန်သည်ကြီး တစ်ဦး Lee Kuan Soo ဆိုသူကို ဖယ်ရှားရှင်းလင်းပစ်ရသော တာဝန်ဖြစ်၏ ။

ထိုတာဝန်ကို ထမ်းဆောင်ပြီးနောက် အခြားတာဝန်တစ်ရပ်ဖြင့် ဆိုလ်းမှ ဘူဆန်သို့ ဆက်ရပြန်သည် ။

နေ့လယ် 12နာရီတွင် ထွက်ခွာမြည့် ရထားဖြင့် ဘူဆန်သို့ လိုက်ရမည် ။ လက်မှတ်ဝယ်ပြီး ရထားစောင့်ရင်း ဘူတာအတွင်းမှာ ဟိုငေးဒီငေး လျှောက်သွားနေသည် ။ လူရှင်းသော တစ်နေရာကိုရွေး၍ စောင့်နေလိုက်မည်ဟု စိတ်ကူးမိသည် ။

ဘေးနားက coffee ဆိုင်တွင် Ice-Americano တစ်ခွက်မှာပြီး စောင့်နေစဉ်

someone - " ice-americano တစ်ခွက် "

အသံလေးက ကြည်လင်ပြီး နားထောင်လို့ကောင်းလှသည် ။ chanyeol နား နားတွင် ကပ်ပြောလိုက်သလိုရှိသည် ။ ဝန်ထမ်းက သူ့ကို ပေးသော coffee ဘူးကို ယူရန် ဖြည်းဖြည်းချင်း လှည့်ရင်း လာဝယ်သူကို ကြည့်လိုက်သည် ။ သူ့ဘေးတွင် ကပ်လျက် ကောင်လေးတစ်ယောက် ။

ထိုမြင်ကွင်းကို သူတစ်သက် ဘယ်တော့မှ မေ့မည်မဟုတ် ။ love is first sight မြင်လျှင် မြင်ချင်း ချစ်မိသည်ဆိုသော စကားရပ်မှာ လူတွေသုံးစွဲဖန်များ၍ ပြောဆိုရေးသားကြဖန်များ၍ ရိုးသွားသည် ၊ အဓိပ္ပါယ် ပေါ့သွားသည် ထင်ရသော်လဲ တကယ်တမ်းတော့ ဘယ်သောအခါမှ အဓိပ္ပါယ် ပေါ့သွားလိမ့်မည်မဟုတ် ။အနာဂတ်ကာလ သမိုင်းနှစ်ပေါင်းများစွာ ထိုစကားရပ်သည် ရိုးသွားသည်မရှိ ၊ အဓိပ္ပါယ် အကြည့်ပင်ဖြစ်နေပေဦးမည်။

ချစ်သူ လူစွမ်းကောင်းWhere stories live. Discover now