Chapter (14)

2.9K 422 26
                                    

Zawgyi

--------------

Chapter 14 : ရဲဘော် ရှောင်တောက်ရဲ့ နေမယ်၊ မနေဘူး ပြဿနာ

(၁)

ကိုယ် စိတ်ထဲ ရုတ်တရက်ကြီး ခွေးမွေးချင်လာတယ် .. ဒါနဲ့ မစ္စတာအက်ဖ်နဲ့ ညှိဖို့ ကြိုးစားရတော့တယ်။ မစ္စတာအက်ဖ်က ကိုယ့်ကို တစ်ချက်ပဲ ငဲ့ကြည့်ပြီးမှ ..

"ငါတို့ အိမ်မှာ ခွေးတစ်ကောင် ရှိနေပြီးသား မဟုတ်ဘူးလား"

ကိုယ်လည်း သွားကို တင်းတင်းစေ့ပြီး ..

"ဒါဆိုလည်း ငါတို့ နောက်တစ်ကောင် ထပ်မွေးလို့ မရဘူးလား.. ကဲ"

"အိမ်ထဲမှာ အစားကြီးပြီး ပျင်းတတ်တဲ့ သူတစ်ယောက် ရှိနေပြီးပြီပဲ .. တော်လောက်ပြီပေါ့။"

ကိုယ် - "..."

အဲ့လောက်နဲ့ မမှုတော့တဲ့ ကိုယ်က ဆက်ပြောတယ်။

"ခွေးမွေးရတာ အကျိုးကျေးဇူး အများကြီး ရှိတယ်။ စိတ်ရှည် သည်းခံတတ်ဖို့ အလေ့အကျင့်ရအောင် ကူညီပေးတယ်။ ဒါကြောင့် နောင်မှာ ငါတို့ရဲ့ ကလေးတွေကို ပြုစု ပျိုးထောင်ရတဲ့အခါမှာလည်း အလေ့အကျင့် ဖြစ်ပြီးသွား ဖြစ်မယ်လေ။"

"မဖြစ်ဘူး .. ငါ အမွှေးပွပွ တွေကို မုန်းတယ်။"

"ဒါပေမဲ့ နင့်မှာ ငယ်ငယ်တုန်းက Golden Retriever ကြီး တစ်ကောင် ရှိဖူးတယ် မဟုတ်လား"

"အဲ့ဒီ ခွေးကို မွေးတာက ငါ့အဖေပါ။ ငါ က ငြင်းလို့မှ မရတာ။"

"နင် ငါနဲ့ အတူ လိုက်ပြေးစေချင်တယ် မဟုတ်လား။ တကယ်လို့ ငါ့ကို ခွေးတစ်ကောင် မွေးခွင့်ပြုမယ်ဆိုရင် ငါ နင်နဲ့အတူ လိုက်ပြေးမယ်လို့ ကတိပေးမယ်လေ။"

တစ်လ လုံးလုံး သူ့ကို စည်းရုံးရပြီးနောက်မှာတော့ ... နောက်ဆုံးမှာ သူ မတတ်သာတော့ဘဲ ကိုယ့်ကို ခွေးတစ်ကောင် မွေးဖို့ သဘောတူလိုက်ရတော့တယ်။ အဲ့ဒီအချိန်မှာပဲ ကိုယ့်မိတ်ဆွေ တစ်ယောက်မှာ စွန့်ပစ်ခံထားရတဲ့ Schnauzer တစ်ကောင် ကောက်လာခဲ့တာ ရှိနေတာနဲ့ ကိုယ်လည်း အဲ့ခွေးကိုပဲ ကိုယ်နဲ့အတူ ခေါ်လာဖို့ တွေးလိုက်တော့တယ်။ ကိုယ်တို့ သူ့ကို ပထမဆုံး အိမ်ကို ခေါ်လာတဲ့အချိန်တုန်းက သူက နံစော်ပြီး ညစ်ပတ်နေတာပဲ။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now