Chapter (6.1)

3.9K 554 18
                                    

Zawgyi

-----------

Chapter 6: ဘဝသက်တမ်း တစ်ခုက အင်မတန် ရှည်လျားတယ်၊ ဒီတော့ စိတ်ဝင်စားစရာ ကောင်းတဲ့သူတွေနဲ့ပဲ အတူ ကုန်ဆုံးသင့်တယ် (၁)

(၁)

ပြီးခဲ့တဲ့နှစ် ဆောင်းရာသီတုန်းက အရေပြားရောင်ရမ်းရောဂါကို ကိုယ့်မှာ မထင်မှတ်ဘဲ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။

ဆေးရုံက ကိုယ့်ကို သောက်ဆေးတွေ အများကြီး ပေးတယ်၊ ဆရာဝန် ညွှန်ကြားသည်ကတော့ ကိုယ့် အစားအသောက် ဆင်ခြင်ဖို့သာ - ပင်လယ်စာတွေ မစားရဘူး၊ နွားနို့ မသောက်ရဘူး၊ ဥတွေလည်း စားလို့ မရဘူး၊ အမဲသား၊ သိုးသား စားလို့မရဘူး၊ စပ်တဲ့ စားစရာတွေလည်း မစားရဘူး...

ကိုယ့်အတွက် ဘဝကြီးက ချက်ချင်းကြီး အဓိပါယ် မရှိတော့သလိုပဲ...

"အသက်ရှင်စရာ ဘာအကြောင်း ရှိတော့လဲ။ တကယ်ဆို ဒီလောကကြီးမှာ အသက်ရှင်နေရတဲ့ အကြောင်းရင်းက စားဖို့ပဲ ကို.."

သူက ကိုယ့်ကို မျက်စိစွေကြည့်တယ်..

"မင်းမှာ ဘဝရည်ရွယ်ချက် နည်းနည်း ပိုကောင်းတာလေးများ မရှိတော့ဘူးလား"

မစ္စတာအက်ဖ်ရဲ့ ကြီးကြပ်မှုနဲ့ ကိုယ်တို့ အိမ်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆု တောင် ရဖို့ ထိုက်တန်နေပြီ။ ထမင်းစားပွဲပေါ်မှာလည်း အသီးအရွက်ဟင်းတွေချည်းပဲ၊ ဒါတွေကို ကိုယ်စားနေရတာ ကိုယ့်အမြင်အာရုံတွေတောင် စိမ်းကုန်ပြီ။ သူ ကိုယ့်ကို သနားလာပြီး၊ နောက်ဆုံး မတတ်သာပဲ ဝက်သား နည်းနည်း စားခွင့်ပေးတယ်။

အဲ့နေ့ညမှာ သူ ဝက်သားဟင်း တစ်ခွက် ချက်ပေးခဲ့တယ်၊ ကိုယ် ဝက်သားကို စားနေရတဲ့အချိန်မှာ ငိုတောင် ငိုမိတော့မတတ်ပဲ။ ကိုယ် သူ့ကို အလေးအနက်ထားပြီး ပြောခဲ့တယ်။

"လူတွေကို စိတ်ချမ်းသာပီတိ ချက်ချင်းဖြစ်အောင် လုပ်နိုင်တဲ့ အချိန်က အသားဟင်းတစ်ပွဲပေါ် မျက်စိရောက်တဲ့ အချိန်ပဲ ဖြစ်ရမယ်"

နောက်ဆုံးမှာတော့ ဆောင်းတွင်းတစ်တွင်းလုံး ကုန်မှသာ ကိုယ် နာလန်ပြန်ထူနိုင်တော့တယ်။ ကိုယ့်မှာ ကုတ်ရာဖဲ့ရာတွေနဲ့၊ ကိုယ့် ခြေသလုံးမှာလည်း အမာရွတ်တွေနဲ့။ နွေရောက်လို့ ဝတ်စုံ အတိုလေးတွေလည်း ဝတ်ရော၊ ကိုယ့်သူငယ်ချင်းတွေက အမာရွတ်တွေကို မြင်ပြီး ဘာဖြစ်တာလဲလို့ စပ်စုကြတယ်။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)حيث تعيش القصص. اكتشف الآن