Chapter (4)

4.7K 631 7
                                    

Zawgyi

--------

Chapter :4 (ကိုယ့်ဘေးနားမှာ ရှိနေသူကသာ ကိုယ်ချစ်ရတဲ့သူရယ်ပါ)

(၁)

ကိုယ်တို့ အထက်တန်းကျောင်း စာမေးပွဲ ဖြေပြီးချိန် နွေရာသီမှာ ကိုယ့်ဘဝရဲ့ အခက်ခဲ၊ အကြမ်းတမ်းဆုံးသော နွေရာသီကို ကိုယ် ကြုံတွေ့ခဲ့ရပါတယ်။ မစ္စတာအက်ဖ် အင်္ဂလန်ကို ပညာသင် ထွက်သွားခြင်းနှင့်အတူ ကိုယ်တို့ နှစ်ယောက်ရဲ့ ၄ နှစ်တာ ကြာရှည်တဲ့ စစ်အေးတိုက်ပွဲလေးတစ်ခု စတင်ခဲ့ပါတော့တယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းက နည်းနည်းတော့ ရယ်စရာ ကောင်းနေမှာပါ - သူ က ကိုယ့်ကို ချစ်ကြောင်း ဝန်ခံခဲ့တယ်၊ ဒါပေမဲ့ ကိုယ်က သူ့ကို ငြင်းလိုက်တယ်လေ။ တကယ်တော့ အဲ့ဒါက ချစ်ကြောင်း ဝန်ခံတယ်လို့တောင် ပြောလို့ မရပါဘူး၊ မစ္စတာအက်ဖ်က စကားနည်းပြီး၊ မာနကြီးတဲ့သူ ဆိုတော့၊ သူ့ရဲ့ ဝန်ခံစကားကလည်း သူ့ အမူအကျင့်အတိုင်းပါပဲ။

မစ္စတာအက်ဖ် အင်္ဂလန်ကို ပညာသင်သွားရတော့မယ်ဆိုတဲ့ အကြောင်းကို အဲ့သည်အချိန် မတိုင်ခင်လေးတင်မှ ကိုယ်သိခဲ့ရတာမို့၊ ကျောင်းက လုပ်ပေးတဲ့ နှုတ်ဆက်ပွဲ ညစာစားပွဲကို ကိုယ်ရောက်လာတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်ဟာ မကြည်လင်နေခဲ့ပါဘူး။ အဆိုးဆုံးက ဒါကို တခြားလူတွေဆီက ကြားသိရတာ ဖြစ်ပြီး၊ သူက ကိုယ့်ကို ဒီအကြောင်း တစ်ခါမှတောင် မပြောပြဖူးလို့ပါ။ ကျောင်းသားအချို့က တစ်ယောက်နဲ့တစ်ယောက် စနောက် ကျီစယ်နေကြတယ်၊ သူတို့ စီးပွားရေးအထူးပြု တက္ကသိုလ် ကို သွားဖြစ်ရင် ပထမဆုံး လုပ်မဲ့ ကိစ္စက ချစ်သူရည်းစား တစ်ယောက်ရအောင် လုပ်ဖို့၊ ဒါဆိုရင်တော့ ပထနှစ် တက်ကတည်းက ပထမဦးဆုံးအချစ် ဆိုတာလေးကို ရရှိ ကြုံဆုံဖူးသွားကြမယ်ပေါ့လေ။ ကိုယ်တို့ရဲ့ အတန်းခေါင်းဆောင်က - အချစ်ဦးကို မတွေ့ကြုံရသေးသည့်တပ်ဖွဲ့- ဆိုပြီး နာမည်ပေးထားတဲ့ ကလပ်တစ်ခုတောင် ဖွဲ့စည်းလိုက်သေးတယ် ၊ မစ္စတာအက်ဖ်လည်း အဲ့ဒီ အဖွဲ့ဝင် စာရင်းထဲ နာမည်ဝင်သွားတယ်ပေါ့။

အဆုံးကျမှ မစ္စတာအက်ဖ်က ငြင်းတယ်။

"ကျတော့်မှာ အချစ်ဦး ရှိထားပြီးသား"

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Donde viven las historias. Descúbrelo ahora