Love Catcher
အပိုင်း(၂၅)
12-09-08-33
#lovecatcher
"အစ်မ..."
"ကိုကိုကော...."
"မနက်စာလည်း မစားဘူး..ဆေးလည်းမသောက်ရသေးဘူး..ပြောပါဦး..."
"အင်း...လှလှ ဂဏာန်းတွေ လုပ်ပြီးပြီလား.."
"ဟုတ်....အဆင်သင့်ပြင်ထားပြီ...ငါးအိုးတည် ထားတယ် အစ်မ..."
"အင်း...ကျေးဇူး..."
သီရိ မျက်နာသစ်ပြီး ပိုက်ဆံအိတ်ထဲက ပေါင်ဒါဘူးထုတ်ကာ နည်းနည်းလိမ်းလိုက်သည်..။
ဆံပင်တွေကို သပ်တင်လိုက်ကာ ရေတစ်ခွက်သောက်ပြီးမှ ကိုကို့အခန်းထဲကိုဝင်ခဲ့ရသည်..။
"ဟော...အစ်မ ပြန်လာပြီ...ကိုဖြိုး.."
ခုတင်ပေါ်မှာ အိပ်နေရင်းကနေ မျက်လုံးတွေ ဖွင့်ကြည့်တော့ သီရိ ပြုံးပြရင်း အနားကို တိုးသွားသည်.။
"သားငယ်...ရှေ့စားပွဲကို နေရာရွေ့ပေးပါလား.."
"ဟုတ်.."
သားငယ် ထွက်သွားတော့မှ သီရိ ခုတင်ပေါ်မှာထိုင်လိုက်ကာ ကိုကို့ပါးလေးကို ပွတ်သပ်နေမိသည်..။
ကိုကို က သီရိ လက်ကို ဆွဲယူပြီး ရင်ဘတ်ပေါ် တင်ထားရင်း ပြုံးပြတော့ ငိုချင်လာပြန်ပြီ..။
သီရိ လက်ကိုရုန်းလိုက်ကာ ခုတင်ပေါ်က ဆင်းပြီး အခန်းပြင်ထွက်ခဲ့လိုက်သည်..။
"လှလှ..."
"ရှင်.."
"မလုပ်တက်တဲ့ အလုပ်ဆို နားထားလိုက်နော်....သားငယ်ကို ကူပေးလိုက်....အစ်မ ခေါင်းမူးလို့ ခဏနားချင်တယ်..."
"သြော်..နေမကောင်းဘူးလား...အစ်မ....အိပ်လိုက်လေ..."
"အင်း.."
သီရိ အခန်းထဲကို ပြန်ရောက်တော့ ကိုကို က မေးခွန်းတွေ ပြည့်နေတဲ့ မျက်ဝန်းဖြင့် လှမ်းကြည့်နေပြီ..။
"ကိုကို...မနက်မုန့်တောင် မစားဘူးဆို..."
"............"
"................"
"ကလေး ခွံ့ကျွေးရဖို့လား..."
"......."
STAI LEGGENDO
Love Catcher
Storie d'amore☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...