Silver Wolf ( Part 21)
"အင်..ဟင်း..”
မုတ အိပ်ယာမှနိုးလာခဲ့သည်။ အရင်ရက်တွေတုန်းက အေးလွန်းလှသည့် မနက်ပိုင်းတွေ ဖြစ်သော်လည်း ဒီနေ့က နွေးထွေးလွန်းနေသည်။
မျက်လုံးများကိုမဖွင့်သေးဘဲ -
"အိပ်လို့ကောင်းလိုက်တာ..... နွေးနေတာဘဲ..”
ဟုဆိုလိုက်ရင်း ကိုယ်ကိုအနည်းငယ် လူးလွန့်ကာ တစ်ဖက်သို့လှည့် လိုက်သည်။ ရုတ်တရက်သူ ထိကိုင်မိသည်က လက်တစ်ဖက်။"ဟင်...လက်.. ဘယ်သူ့လက်လဲ.. ငါ..ငါ..ခေါင်းအုံးအိပ်ထားတာ ဘယ်သူ့လက်လဲ...”
မုတအလန့်တကြားနှင့် ဝုန်းခနဲ ထထိုင်လိုက်မိသည်။
နံဘေးမှအိပ်နေသည့် သူကသူ့အား ပြန်ဆွဲချရင်း ရင်ခွင်ထဲထည့် ဖက်ထားလိုက်လေသည်။"လွှတ်..လွှတ်.. ဘယ်သူလဲ..”
"ဟမ်း... အေးသေးတယ်.. အိပ်အုံး...”
"အ...အကိုတော်...”မုတ အက္ခရရင်ခွင်ထဲ ရောက်နေသော်လည်း အတွေးပေါင်းများစွာက-
"ငါတို့.. ဘာတွေဖြစ်သွားတာလဲ.. သူ..သူကရော ဘာလို့.. ငါ့အိပ်ယာမှာလာအိပ်နေတာလဲ... ငါ..ငါဘာမှမမှတ်မိဘူး.. ကျစ်....ဘာတွေဖြစ်ကုန်ပြီလဲ..”
"ဘာမှမဖြစ်ဖူး....”
သူ့အတွေးများအား ဖတ်နိုင်သည့်အလား အက္ခရဆီမှ စကားတစ်ခွန်းဆိုလာသဖြင့် မုတ ခပ်တိုးတိုးမေးလိုက်လေသည်။"အ..အကို.တော်.. ဘာလို့.. ဒီ...”
"ဘာလို့ဒီမှာအိပ်နေတာလဲလို့.. မေးမလို့လား.”
"အင်း.....”
"ကိုယ့်ကို မင်းပဲ အတင်းဆွဲထားတာလေ ချမ်းလို့ဆိုပြီး.. အဲ့တာနဲ့ မင်းနားမှာ စေတနာနဲ့နေပေးနေတာ...”
မုတ အက္ခရစကားကြောင့် -
"အမ်... ငါက အတင်းဆွဲထားတာတဲ့.. ဒုက္ခပါဘဲ မုတရေ... မင်းတော့ကွာ.. ဘာတွေများလုပ်နေတာလဲ...”အက္ခရ တိတ်ဆိတ်သွားသောမုတ ကြောင့်ခိုး၍ ပြုံးလိုက်မိသည်။ တကယ်တမ်း သူလဲ မုတအနားက ထွက်မသွားချင် ဖြစ်ခဲ့သည်လေ။ သူ့အတွေးဆိုးများနှင့် မုတကိုမထိခိုက်စေချင်၍ တစ်ညလုံးကမ္ဘာပျက်ခဲ့ရတာ မုတအား ပေးမသိစေချင်မိပါ။
ချစ်သူရဲ့နှုတ်ခမ်းဖျားကိုသာ မက်မောစွာ နမ်းရှိုက်ရင်း အရာရာတိုင်းကိုထိန်းသိမ်းခဲ့သည်လေ။
ESTÁS LEYENDO
Silver Wolf (Complete )
Hombres Loboဘာမဟုတ်တဲ့စကားတစ်ခွန်းကြောင့် အသက်ပေါင်းများစွာပေးခဲ့ရတယ် အလိုလောဘတစ်ခုအတွက် ချနင်းခံရတဲ့ သားကောင်တွေမနည်းမနောဘဲ လူသားတွေဟာ အတ္တကြီးစိုးလာရင် ဆင်ခြင်တုံတရားကင်းမဲ့ကြကုန်ရဲ့... မုတ ဘဝမှာတစ်ခါသာချစ်ခဲ့တယ် ဒ...