zawgyi.....
နောက်နေ့မနက်ခင်း မင်ဂျီနဲ့ဆောင်းဝမ်
ကျောင်းရောက်တော့လူတွေရှုပ်ယှက်ခပ်နေတာ
တွေ့ရတယ် အထူးသဖြင့်ကျောင်းသူတွေ...
ဆောင်းဝမ်ကဘေးနားကဖြတ်သွားတဲ့
ကောင်လေးတစ်ယောက်ကိုလှမ်းဆွဲပြီး
မေးလိုက်တယ်"နေစမ်းပါဉီး ဘာတွေဖစ်နေတာလဲ မျက်စိကို
နောက်နေတာပဲ ""စီနီယာဆောင်းဝမ် မသိဘူးလား ဒီနေ့
ကျောင်းကိုကျောင်းသားသစ်တစ်ယောက်
ပြောင်းလာတယ်လေ ""ကျောင်းသားသစ်ပြောင်းလာတာများ
ဖစ်ပျက်နေတာမြင်မကောင်းဘူး ""အာ စီနီယာကလည်းကျောင်းသားသစ်ကအဓိကမဟုတ်ဘူး အဲဒီကျောင်းသားသစ်က
သောက်ရမ်းချောနေတာ အဲဒါကြောင့်
ချောတာဆိုတာ ယောင်္ကျားလေးတွေတောင်
ကြွေတယ်တဲ့ "ကောင်လေးကပြောပြီးတာနဲ့
ထွက်သွားတော့တယ်"ယောင်္ကျားလေးတွေတောင်ကြွေတယ်ဆိုတော့
အရှိန်အဝါကလုံးဝကြွေဆင်ဖစ်ရမယ် ""နင်သွားကြည့်ချင်သွားလေ ငါကစာကြည့်တိုက်ထဲပဲသွားတော့မယ် နောက်လသင်္ချာဉာဏ်စမ်းပွဲ
အတွက်စာအုပ်တွေသွားရှာမို့ ""ဟီးဟီး ဒါဆိုငါပြန်လာရင်နင့်အတွက်တခုခု
ဝယ်ခဲ့ပေးမယ် ""အင်း "
ဆောင်းဝမ်ကပြောရင်းနဲ့အိမ်သာဘက်ကို
သွားတော့"ဆောင်းဝမ် အိမ်သာထဲဘာသွားလုပ်မို့လဲ "
"မျက်နှာကာလာလေးသွားတင်မို့ "
"အလှသွားပြင်မလို့ဆိုလည်းရပါတယ်"
"အေးပေါ့မျက်နှာပြောင်နဲ့လည်းလှတဲ့အချို့သူ
တွေလ်ုမဟုတ်လို့ ကိုယ်တွေကEffectထည့်ရတယ်ဟေ့ "မင်ဂျီဟာခေါင်းခါပြီးစာကြည့်တိုက်ဘက်သာ
သွားတော့တယ်
စာကြည့်တိုက်ထဲရောက်တော့ရှိတဲ့လူအရေအတွက်ဟာစာကြည့်တိုက်မှူး လုံခြုံရေး နဲ့သူ
အပါအ၀င်လက်တဆုပ်တောင်မပြည့်ဘူး
ရှိတဲ့သူတွေကလည်းတကယ့်စာဂျပိုးတွေပင်
အေးလေ လူနည်းတော့နားငြီးသက်သာတာပေါ့
စာအုပ်တွေရှာရန်စာကြည့်တိုက်ကဒ်နဲ့စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီးအထဲကိုသူဝင်လာလိုက်တယ်
YOU ARE READING
Hello! My Fate
Randomဟွာချင်းဟာ တက္ကသိုလ်ကျောင်းသားတစ်ဉီး သူဟာတနေ့မှာအပျင်းပြေ gameဆော့ရာက universeတခုရဲ့black holeထဲကျသွားတဲ့အခါ...... ဟွာချင်းဟာ တက္ကသိုလ်ကျောင်းသားတစ်ဦး သူဟာတနေ့မှာအပျင်းပြေ gameဆော့ရာက universeတခုရဲ့black holeထဲကျသွားတဲ့အခါ......