Zawgyi
ပိုင်ဟွားချင်း Spaceထဲကပြန်ထွက်လာတော့
"Host ဂုဏ်ယူပါတယ် ဒီတခါ အနှစ်၅၀ အတွင်းပြန်ထွက်လာတယ်နော် "
"အထဲမှာငါ့ခန္ဓာကိုယ်က ပျော့လိုက်မာလိုက်နဲ့
စိတ်ကုန်လိုက်တာပြောမနေနဲ့ ""Third story အတွက်အဆင့်သင့်ပဲလား
Host ""ready let's go "
5
4
3
2
1
-
-
-
ဟွားချင်းဟာstoryထဲဝင်ဝင်ချင်း သူ့ကိုယ်ကို
လှုပ်ပြီး အနိုးခံလိုက်ရတယ်။"ဝေ့လန် ဝေ့လန် ထတော့လေ ဒီနေ့တောင်ပေါ်သွားမယ်ဆို "
"ငါလာခဲ့မယ်"
လာနိုးတဲ့သူအပြင်ထွက်သွားမှ ဟွားချင်းဟာ
အသင့်ပြင်ပေးထားတဲ့ရေချိုးကန်ထဲမှာရေချိုးရင်း story plot ကိုလက်ခံလိုက်တယ်။
ဒီstoryရဲ့ဇာတ်လိုက်က ဆေးသမားတော်
လင့်ကျီး သူကကျေးရွာလေးတစ်ရွာရဲ့သာမာန်ရိုးရိုးသမားတော် သူ့ဇနီးကရွာသူကြီးသမီး
တနေ့ အနီးနားကတောင်ပေါ်မှာဆေးပင်တက်ရှာရင်း စစ်သူကြီးတစ်ဉီးကိုကယ်တင်မိရင်း
နန်းမြို့တော်ကိုကျေးဇူးဆပ်တဲ့အနေနဲ့ခေါ်သွားခြင်းခံရတဲ့အခါ ရွာကဇနီးကိုထားခဲ့ရတယ်။
ကောင်းကင်ရဲ့ချီးမြှောက်ခြင်းခံရတဲ့ဇာတ်လိုက်
ပီပီ ရသမျှအခွင့်အရေးကိုအသုံးချတဲ့အခါ
၂နှစ်အတွင်းမှာတော်ဝင်သမားတော်အဖြစ်ချီးမြှောက်ခြင်းခံရတယ်။ ဇာတ်လိုက်ရဲ့ပြောင်မြှောက်လှတဲ့အရည်အချင်းတွေဟာနန်းမြို့တော်ရဲ့လူတွေစကားဝိုင်းမှာမပါမဖြစ်ဘဲ
အထူးသဖြင့်ချောမောတဲ့ရုပ်ရည်ကြောင့်မိန်းကလေးတွေဟာ သူတို့ကိုသတိထားမိလာအောင်အမျိုးမျိုးကြိုးစားကြတယ်။အဲဒီထဲမှာ
ဇာတ်လိုက်မ နံပါတ်၃ မင်းသမီးလည်းပါဝင်လာတယ်။ ဇာတ်လိုက်ဟာသူဘယ်လောက်ပဲအောင်မြင်လာပါစေ သူ့ဇနီးကိုဘယ်တော့မှ
သစ္စာမဖောက်ခဲ့ဘူး။သူ့ကိုယ်ပိုင်စံအိမ်တော်ကို
ဝယ်ပြီးတဲ့အခါ ရွာကသူ့ဇနီးကိုနန်းမြို့တော်ကိုလာဖို့ စာပို့လိုက်တယ်။ လင့်ကျီးရဲ့လှုပ်ရှားမှု
မှန်သမျှစောင့်ကြည့်နေတဲ့ဇာတ်လိုက်မင်းသမီးဟာ စာကိုရအောင်ယူစေပြီးဇနီးသည်ရှိရာရွာကိုလူသတ်သမားတွေစေလွှတ်ပြီး သူပုန်ဟန်ဆောင်ခိုင်းကာ တရွာလုံးသတ်စေတယ်။
လင့်ကျီးဟာအဲဒီသတင်းကြားတဲ့အခါ
ဖြေမဆည်နိုင်ဖြစ်တဲ့အချိန် ဇာတ်လိုက်မင်းသမီးက သူတော်ကောင်းမလေး ၀င်လုပ်ပြီး နှစ်သိမ့်ပေးတာပေါ့။ အဲဒီလိုနဲ့ ဘုရင်မင်းမြတ်က
သူ့သမီးနဲ့ဇာတ်လိုက်ကို ပေးစားလိုက်တယ်။
ဒါဆိုငါကဘယ်နေရာလဲသိချင်ကြတယ်ပေါ့။
အေး ပြောပြမယ်။ ငါကလေ ဇာတ်လိုက်ကယ်တင်တဲ့စစ်သူကြီးရဲ့တညတာ
ပျော်တော်ဆက်လေး ရန်ယွီလေ။ ငါနော် ငါ ....
Storyရေးတဲ့သူတောင်းစားကို ပြလိုက်မယ်
လက်ခလယ်ပဲဟေ့ ဒီမှါပုတ်ပြနေတယ် တွေ့လား
ဖက်ဖက်ဖက်တဲ့ နင့်ဖင်ကြီးတဲ့မှ ရင်ဘက်ဟေ့ ရင်ဘက် ငါကပျော်တော်ဆက်နေရာကနေ
ဘာလုပ်ရမှာလဲ။ ဘယ်လဒရဲ့အိပ်ယာထဲမှာ
နေရမှာလဲ"

YOU ARE READING
Hello! My Fate
Casualeဟွာချင်းဟာ တက္ကသိုလ်ကျောင်းသားတစ်ဉီး သူဟာတနေ့မှာအပျင်းပြေ gameဆော့ရာက universeတခုရဲ့black holeထဲကျသွားတဲ့အခါ...... ဟွာချင်းဟာ တက္ကသိုလ်ကျောင်းသားတစ်ဦး သူဟာတနေ့မှာအပျင်းပြေ gameဆော့ရာက universeတခုရဲ့black holeထဲကျသွားတဲ့အခါ......