hello my fate...ep.9

5.4K 517 24
                                    

Zawgyi....

မင်ဂျီဟာအခုစာအုပ်ဆိုင်တစ်ဆိုင်မှာ
ဆောင်းဝမ်ကိုစောင့်နေခြင်းပင်...
ခနနေတော့ပျာသိပျာယာနဲ့
ဆောင်းဝမ်ဝင်လာတယ်

"Sorry ဟာ ချီးထုပ်တစ်ကောင်နဲ့တွေ့နေလို့"

"ချီးထုပ်?????" 🤨🤨🤨

"ဟာ မင်းသားလီဝမ်သူငယ်ချင်း ခရစ်ကင်းလေ"

"အော် ဘာဖစ်လို့တဲ့လဲ "

"အလကားပါဟာ ညစာကျွေးဖို့တဲ့ ငါလည်း
ပြောမရတာနဲ့အင်းလို့ပဲခေါင်းငြိမ့်ခဲ့တယ် "

မူလဇာတ်လမ်းအတိုင်းဆိုရင်လည်း
ခရစ်ကင်းဟာဆောင်းဝမ်ကိုတကယ်ပဲချစ်ခဲ့တာ
ဒါပေမဲ့တစ်ကောင်ကြွက်ဖစ်တဲ့ဆောင်းဝမ်ဟာ
သူ့သူငယ်ချင်းမင်ဂျီရဲ့အရေးကိစ္စကလွဲပြီး
ကျန်တာစိတ်ထဲမထားတာကြောင့် ခရစ်ကင်းရဲ့
အပြုအမူတွေကိုသတိမထားမိခဲ့ဘူး
နောက်ဆုံး ခရစ်ကင်းကသတ္တိမွေးပြီးဖွင့်ပြောဖို့
လုပ်တဲ့ညမှာပဲ ဆောင်းဝမ်ဟာမင်ဂျီကိုလုပ်ကြံမဲ့
ကားကိုသူစီးခဲ့တာကြောင့်ဘရိတ်ကြိုးပေါက်ပြီး
သေဆုံးခဲ့ရတာ အခုသူရောက်လာပီဆိုတော့
ဆောင်းဝမ်နဲ့ခရစ်ကင်းပေါင်းကို
ပေါင်းဖက်နိုင်ရမယ် ...

"ဟက် အခြေအနေတွေကမြန်ဆန်လှချည်လား
မမလေးဆောင်းဝမ် shi..."

"မစစမ်းပါနက်ဟာ နင်ငါ့ကိုပြောစရာရှိလို့ဆို
ဘာလဲ "

"အင်း တကယ်တော့ငါစောင့်ကြည့်ခံနေရလို့ "

"ဘာ 😱😱😱???"

"တိုးတိုး "

"ဘယ်သူကလုပ်တာလဲ ဘယ်တုန်းတည်းကလဲ
နင်ဘယ်လိုသိလဲ"

"အစကငါလည်းတိုက်ဆိုင်တယ်ထင်တာ
ငါ နန်းတော်ကိုommaနဲ့အတူသွားတဲ့နေ့ကစတာ
ကားအနက်မဟုတ်ရင် ဆိုင်ကယ်နဲ့ ဘာမှလည်း
မလုပ်ဘူးဟ မသိရင် လိုက်စောင့်ရှောက်နေသလိုပဲ အစကappaကိုမေးကြည့်သေးတယ်
ကိုယ်ရံတော်တွေထည့်ပေးထားတာလားလို့
သူကမဟုတ်ဘူးတဲ့ "

"နင့်ကိုအန္တာရယ်ပေးလာနိုင်လား ငါတို့ရဲတိုင်ကြမလား"

"မရနိုင်ဘူး ငါက၀န်ကြီးသမီးလေ ငါ့ကိုတောင်
စောင့်ကြည်နိုင်တယ်ဆိုတော့ သူ့နောက်ခံက
ကြီးမားနိုင်တယ် အလျင်စလိုလုပ်လို့မရဘူး
ပြီးတော့တိကျတဲ့သက်သေလည်းမရှိဘူးလေ "

Hello! My Fate Where stories live. Discover now