Part 12

225 7 0
                                    

အချိန်ကြာပုန်းအောင်းနေခဲ့သော ကျားသည်
လက်သည်းချွန်၍အစွယ်ရှည်သည်...
အချိန်ကြာပုန်းအောင်းနေခဲ့သောလူသားသည်
အငြိုးကြီး၍အဆိပ်ပြင်းသည်...

ကျနော် ကားမောင်းနေရင်း လက်တွေတုန်နေခဲ့သည်...
ကျနော် မျက်ရည်တွေဝဲနေသည်...
လက်တွေကိုလည်း ဆုပ်ထားမိခဲ့သည် ...
ထိုအရာများနှင့်အတူ ကျနော် စိုးရိမ်စိတ်လည်းဖြစ်မိသည်..
အဘယ့်ကြောင့်ဆိုသော်...
ကျနော်တွေ့ခဲ့သောသူက ၆နှစ်လောက်စောင့်ဆိုင်းနေခဲ့ရသော သားရဲတစ်ကောင်နှင့်မခြားသော သက်ဝေဟိန်း....
ညီ့ကို ကျနော့်ဘေးက ပျောက်ကွယ်သွားအောင်လုပ်ခဲ့တဲ့ကောင်.....
အခု...ပြန်ရောက်လာတော့....K....Kကို စိတ်မချဘူး...ငါအမြန်ပြန်မှ ဖြစ်မယ်....
ကျနော် နာရီကြည့်လိုက်တော့ ည၁၀နာရီ....
ကျနော်ကားကို အရှိန်တင်လိုက်သည်....တိုးဝှေ့လာသောလေညှင်းတွေကိုပင် ကျနော် ဂရုမစိုက်အားတော့ပါ....

အိမ်ရှေ့သို့ရောက်သော်...သက်တံ့ အပြေးဆင်း၍ အိမ်တံခါးဝသို့ အပြေးလေးသွားသည်....

သက်တံ့ ခြေလှမ်းများ ခဏ ရပ်တန့်သွားသည်....

တံခါးဝတွင် ထိုင်နေသော Kတစ်ယောက်....

''''K...''''

''''ေဩာ်...ခင်ဗျားပြန်လာပြီလား?''''

''''K...ကိုယ့်ကိုစောင့်နေတာလား...?''''

((ဟုတ်ပါတယ်...ခင်ဗျားကို စိတ်ပူလွန်းလို့ ကျုပ်မှာ မနေနိုင်မထိုင်နိုင်တွေ ဖြစ်ပြီး တံခါးရှေ့ထွက်စောင့်ရတာ လို့ ပြောချင်ပေမယ့်.......))

''''မဟုတ်ပါဘူး...ဒီတိုင်းပဲ အိပ်မပျော်လို့ ထွက်ထိုင်နေတာ..''''

((Kရယ်...Kကျနော့်ကို စောင့်နေတယ်ထင်နေတာ...
ကျနော်အတွေးတွေမှားနေပြန်ပါပြီ...))

''''ေဩာ်...အင်းပါ....လာ...အိမ်ထဲဝင်မယ်''''

''''အင်း...''''
......

''''K...အခန်းထဲဝင်တော့လေ..''''

''''ခင်ဗျားလည်း သွားတော့လေ...ခင်ဗျားသွားတာကိုကြည့်ပြီးမှ ဝင်မယ်..''''

''''အင်း..အင်း...''''

ထွက်သွားတဲ့ သူ့ကျောပြင်ကိုကြည့်ရင်း ကျနော်တစ်ယောက်ကတော့ အခန်းရှေ့မှာ ကျန်ခဲ့ပါတယ်...
ကျနော် ဒီလိုမပြောရင် သူကျနော့်အခန်းရှေ့မှာ ထပ်ပြီးစောင့်အိပ်နေမလား မပြောနိုင်ဘူးလေ.....
ဒီနေ့ သူ့ပုံကြည့်ရတာတော့ အရင်နေ့တွေနဲ့ မတူပါဘူး...
သူ့ကိုကြည့်ရတာ စိတ်ညစ်စရာတွေရှိခဲ့တယ်နဲ့တူပါတယ်...
ကျနော် ကူညီပေးချင်ပေမယ့် ကျနော်သွားပြီး ရောရောနှောနှောမနေတာပဲ ကောင်းမယ်ထင်တယ်...
ကျနော်က zero လေ...zeroဆိုတာ မြောက်သမျှကိန်းကို 0 ရစေသလို...Kဆိုတဲ့ကျနော်ဟာ ကျနော်နဲ့ ပေါင်းသင်းသမျှလူကိုလည်း ဒုက္ခရောက်စေတတ်လို့ပါ...
.
.
.
နံနင်ခင်းငို့ ရောက်လေပြီ...နေမင်းကြီးလည်း ရောင်ခြည်တွေကို ဖြန့်ကျက်နေပြီ....

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Nơi câu chuyện tồn tại. Hãy khám phá bây giờ