Part - 23

2.2K 145 4
                                    

''''ကိုသက်တံ့...ကျနော်တို့ ဆေးရုံသွားရအောင်''''

''''သွားမယ်လေညီ..''''

''''ဒီနေ့ပျော်နေတယ်မို့လား?''''

''''ပျော်တာပေါ့ညီရဲ့...ခွဲစိတ်ရမယ့်နေ့ပဲလေ  ...ညီရော မပျော်ဘူးလား?''''

''''ပျော်တာပေါ့ဗျာ....''''

''''ဒါနဲ့ ညီ့အသံက သိပ်မလန်းသလိုပဲ...ဘာဖြစ်လို့လဲ..ငိုနေတာတော့မဟုတ်ပါဘူးနော်..နှားခေါင်းသံပါနေတယ်?''''

''''မဟုတ်ပါဘူးဗျ..မငိုပါဘူး ...ဒီအတိုင်းပဲ ပျော်လို့ မျက်ရည်ကျနေတာပါ''''

''''ကလေးကတော့ လုပ်ပြီ...ကဲကဲသွားစို့..နောက်ကျလိမ့်မယ်..''''

ဒီနေ့ ကျနော် အရမ်း အရမ်းကိုပျော်တယ်..
ကျနော့်မျက်လုံးတွေခွဲစိတ်ပြီးရင် အမြင်အာရုံပြန်ရတော့မယ်..
အဲ့ခါကျမှ ညီ့မျက်နှာကို တစ်ဝကြီး ကြည့်ပစ်မယ် လို့ စိတ်ထဲကနေ ကြံရွယ်ရင်း တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ အတူ ကျနော် ခွဲစိတ်ခန်းထဲကို ရောက်နေခဲ့ပါပြီ...
ကျနော်ခွဲစိတ်ခန်းထဲရောက်နေတာတောင်မှ အချိန်တိုင်း ညီ့ကိုပဲ မြင်ယောင်နေမိတယ်...
သူ့မျက်နှာကို မြင်နေရရင်ဘာမှ နာကျင်စရာမရှိတော့လို့လေ.....................

....... ........ .......

ကိုသက်တံ့ ခွဲစိတ်ခန်းထဲ ဝင်နေချိန်မှာ..
တစ်သက်လုံး ဘုရားစာရွတ်ဖို့ပျင်းခဲ့တဲ့ ကျနော် က အခုတော့ ရသမျှဘုရားစာတွေရွတ်နေမိတယ်....
ရှေ့ဆက်နေရမယ့် ၈လကို မေ့ပြီး...
ခွဲစိတ်မှုအောင်မြင်ပါစေလို့ ဆုတောင်းရင်း ဂနာမငြိမ်ဖြစ်နေခဲ့မိတယ်....

မကြာခင်မှာပဲ...မမဆူး နဲ့ ကိုကျော်တို့က ဆေးရုံကို ရုတ်တရက်ကြီးရောက်ချလာတယ်...
ကျနော်သူတို့ကို အသိပေးသင့်တယ်ထက်လို့ ဖုန်းဆက်လိုက်တာပါ...

''''လရောင် ညီလေး.....တံ့ကြီးက ဘယ်လိုဖြစ်တာလဲ?အကိုတို့ ဘာမှလည်း မသိရပါလား?''''

''''ကျနော် အကိုတို့ကို အသိပေးမလို့ ပြောကြည့်ပါသေးတယ်...ကိုသက်တံ့က အသိမပေးခိုင်းတာပါ...ဒီနေ့တော့ သတိပေးသင့်တယ်ထင်လို့ ကျနော် ဖုန်းဆက်လိုက်တာ....အကိုက ရှေ့ရက်တုန်းက ကျူးကျော်တဲ့လူတစ်ယောက်ကြောင့် မျက်ကြည်လွှာပျက်စီးသွားတယ်...ဒါပေမယ့် ကံကောင်းလို့ ဒီနေ့ မျက်ကြည်လွှာအမြန်ပြန်ခွဲစိတ်လို့ရတာဗျ...ပြီးရင်လည်း ၆လလောက် အနားယူရမယ်တဲ့''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Donde viven las historias. Descúbrelo ahora