အချစ်ရှိတဲ့နေရာမှာ ဘဝရှိတယ်တဲ့...
ဘဝရှိရင်လည်း အချစ်ရှိလာနိုင်တာပဲ..
ဒါပေမယ့် အချစ်ကိုထွေးပိုက်နေရင်း ဘဝက ပျောက်ဆုံးသွားမယ်ဆိုရင်ရော?
.
.
.
.
''''ကိုသက်တံ့...ဘာမှ မမြင်ရပေမယ့်..ခုလို အပြင်ထွက်လိုက်တော့ နေလို့ကောင်းတယ်မလား?''''''''ကောင်းတယ်ညီ...တကယ် လန်းဆန်းသွားတယ်...အပြင်ဘက်က အရာတွေကို စိတ်ကူးရင်း ကိုယ်မျက်လုံးတွေ ပြန်မမြင်ရသေးဘူးဆိုတာကို မေ့နေတယ်..''''
''''အခုက လကုန်တော့မှာဗျ...မျက်လုံးပြန်မြင်ဖို့ ၅လ ပဲစောင့်ရတော့မှာပါ''''
''''ဝမ်းသာလိုက်တာကွာ...ညီ့ကို ပြန်တွေ့ရတော့မယ်''''
''''ကိုသက်တံ့...ဗိုက်ဆာတယ်မလား?''''
''''အင်း...''''
''''တစ်ခုခု စားရအောင်လေ...ဒီနားမှာ စားသောက်ဆိုင်တွေအများကြီးပဲ''''
''''သွားမယ်လေ...''''
.
.
.
''''ဆိုင်ထဲရောက်ပြီ...ဘာစားမလဲဗျ...ခေါက်ဆွဲဆိုင်ဆိုတော့ ခေါက်ဆွဲအဓိက ရမယ်''''''''ဘာခေါက်ဆွဲတွေရလဲညီ''''
''''အမ်...ကြက်ပေါင်းခေါက်ဆွဲတို့ နံရိုးပေါင်းခေါက်ဆွဲတို့ ကတော့ အရောင်းရဆုံးလို့ကြားတယ်ဗျ..''''
''''ညီစားချင်တာမှာလေ...ညီစားတာစားမယ်''''
''''ကြက်ပေါင်းခေါက်ဆွဲ ၂ပွဲ မှာလိုက်မယ်နော်ဗျ..''''
''''အင်းအင်း...''''
''''Waiter ! ဒီကို ကြက်ပေါင်းခေါက်ဆွဲ ၂ပွဲပေးပါဗျ''''
''''ညီ...''''
''''ဗျာ''''
''''ညီ မှတ်မိသေးလား?ကျောင်းမှာ ကိုယ်တို့နဲ့ ကန်တင်း ထိုင်ခဲ့တုန်းကအချိန်တွေကိုလေ''''
''''မှတ်မိတာပေါ့ဗျာ''''
''''အဲ့တုန်းက ညီက အဝုန်းသန်တယ်နော်...waiterတွေကိုအမြဲဝုန်းတဲ့ကလေးလေး''''
''''အာ့တုန်းကတော့ သူတို့က မှားတာကိုးဗျ...ကျနော် ၁၅၀၀ပိုပေမယ့် အဲ့ဒီလူ မရှိလို့ ကျနော် ဘာမှ မစားလိုက်ရဘူးလေ...ပြီးမှ..''''
''''ပြီးမှ...ခင်ဗျားဝယ်ကျွေးတာ စားခဲ့တာလေ''''
''''ညီက မှတ်မိသားပဲ...''''
YOU ARE READING
The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)
RomanceBoy×Boy (OC) သူခံစားနေရတာတွေကို ကူညီဖြေဖျောက်ပေးနိုင်ဖို့ ကျနော်သူ့ရဲ့ ကိုယ်ပိုင် painkillerဖြစ်ချင်တယ်.. နွေဦးသက်တံ့ Both Zawgyi and Unicode Versions are available ! Unicode Versions episodes are com...