မောင် အပိုင်း ၅

2.7K 251 20
                                    

Zawgi

သူအိပ်ရာနိုးလာတော့ တင်းတင်းကျပ်ကျပ်အဖက်ခံထားရလေသောကြောင့် လှုပ်မရ။ လှည့်ကြည့်မိတော့မောင်ရယ်လေ။
ညကအဖြစ်အပျက်ပြန်စဉ်စားမိတော့ ရင်တစ်ဖိုဖိုရယ်။ ​မောင်ပေးခဲ့တဲ့အနမ်းက ခုချိန်ထိနှုတ်ခမ်းသားမှာ ဆွဲကျန်နေဆဲ။  သိရဲ့လားမောင်...မောင်ကဘယ်လိုပဲ အနမ်းတွေကိုဒေါသနဲ့ပေးပေး မပေးချင်ပဲပေးပေး ဟိုဆော့ကလက်ခံနေမှာ ​မောင့်ကြောင့်မို့မောင့်ကြောင့်မိုမောင့်အနားနေခြင်ရုံပါ သိရဲ့လား။ မောင်ဆိုတဲ့လူသားက ဟိုဆော့အတွက်တော့ အဲ့ဒီ့လိုကမ္ဘာကြီးပါ။

"ဟိုလေးနိုးနေတာလား"

"ဟုတ်မောင်..မောင်အိပ်ခြင်ရင်အိပ်လေ ဟိုလေးမနက်စာ
ပြင်ပေးထားမယ်ဟိုလေးကြောင်မောင်ဒုက္ခများရပြီ"

"မဟုတ်တာဒုက္ခမများပါဘူး ​မောင်ခဏမှေးလိုက်အုံးမယ် ဟိုလေးထရင်ထလေ"

"ဟုတ်မောင်"

ဖက်ထားတဲ့လက်တွေကို ဖယ်ခွာပြီး ​စောင်ပုံတွေကြားထဲ တိုးဝင်ကာအိပ်နေလေရဲ့။ မောင်ကလေသိပ်ချစ်ဖို့ကောင်းတာပဲ။ ​ရေချိုးခန်းဝင်ပြီးမောင့်အင်္ကျီတွေထဲက သူနဲ့တော်မယ်ထင်တာလေးယူပြီး ဝတ်၍မနက်စာပြင်ပေးနေမိသည်။




ညကလည်းနောက်ကြမှအိပ်ရသောကြောင့် လူကနှုံးချင်တင်တင်။ ဟိုလေးတော့မသိ ကိုယ်ကတော့ညောင်းချိနေလေသည်။ 

ရေချိုးပြီးအောက်ဆင်းကြည့်တော့ မီးဖို့ချောင်ထဲမှာအလုပ်ရှုတ်နေတဲ့ဟိုလေး။ ဂျောင်ကုနဲ့နည်းနည်းသေးနေတာဝတ်ထားပေမဲ့ ​သေးသွယ်လွန်းတဲ့ဟိုလေးနဲ့ကျ အနည်းငယ်ကြီးနေလေသည်။ ​ဘောင်ဘီပွပွကလည်းခြေသလုံးသွယ်သွယ်ကို မြင်နေရသည်။ ခါးသေးသေးကိုဖက်မိတော့ လှည့်ကြည့်လာလေသည်။ ပါးချိုင့်သေးသေးလေးတွေပေါ်အောင် ပြုံးပြနေလေရဲ့။

"မောင့်ခေါင်းတွေမခြောက်သေးပါလား...လာဟိုလေးသုတ်ပေးမယ်လာ...လာ"

"ဟိုလေးရဲ့ဟင်းချိုအိုးကကော"

"ခဏထားလို့ရတယ်.ပေးသပါတ်"

ကျောခိုင်းဖက်ထားရာကနေ ကိုယ့်ဖက်လှည့်လာပြီး လက်သွယ်သွယ်လေးတွေနဲ့ သုတ်ပေးနေလေသည်။ ဟိုလေးကသိပ်နူးညံပြီး ပြီးပြည့်စုံလွန်းလှလေသည်။ ​မောင်တော့ဟိုလေးကိုသဘောကျနေပါပြီ ဟိုလေးရေ။ ပါးလေးကိုရွတ်ခနဲနမ်းတော့ အံသြတကြီးကြည့်နေလေရဲ့။

မောင်(completed) Where stories live. Discover now