မောင် ၉

1.7K 211 23
                                    

Zawgi

ညဖက်အကင်တွေကင်ရင်း သုံးယောက်သားဟိုရောက်ဒီရောက် စကားတွေဟာဖောင်ဖွဲ့လို့ပျော်ပျော်ပါးပါးစားကြ
သောက်ကြနေလေသည်။ ​မောင်ကကောမောင်တို့က
လည်းဆော့ဂျင်ဟျောင်းနဲ့နန်းဂျွန်ဟျောင်းနဲ့သုံးယောက်သားဘာတွေပွဲကြနေတယ်မသိ..တစ်ဝါးဝါး...
တစ်ဟားဟားနဲ့ပျော်ရွင်စရာအတိ။

ထိုအချိန်ကင်ဂျင်းရောက်လာလေသည်။လှရက်လိုက်လေခြင်း။သူတောင်အတော်ကိုငေးမောနေမိသည်အနီရဲရဲ
တောက်နေတဲ့ဝတ်စုံက သာမာန်ပါပဲ။ မိတ်ကပ်မထုမပါးကလည်းသာမာန်ပါပဲ။ သို့သော်ကင်ဂျင်းကသာမာန်ပုံနှင့်ပို
လိုက်ဖက်သလိုပိုလှလေသည်။ အနီရင့်ရောင်ဘောင်းဘီ
နှင့်အနီရောင်ရင်ဖြတ်အိင်္ကျီက ဝင်းမွတ်​သောအသား
အရည်ကိုပေါ်လွင်စေသည်။ ​ဘေးမှာကင်ဂျင်းထက်ချောသောမိန်းမပျိုလေးလည်း ကပ်လျက်ပါလာလေသည်။
မောင့်ကိုကြည့်မိတော့မောင်ကအေးဆေးပင်
သုံးယောက်သားစကားတွေပြောနေတာဘာကိုမှ
ဂရုမစိုက်ပေ...တော်သေးပါရဲ့သူစိတ်ပူနေခဲ့တာ...။

"ဟင် CEO ဂျွန်း ကဘယ်ကဘယ်လိုဂျောင်ကုတို့အိမ်
ကိုရောက်လာတာပါလိမ့်....ဟို..ကင်ဂျင်းပြောခြင်တာကCEOကဖိတ်တိုင်းမလာလို့လေ”

"ကိုယ်ကတစ်ခါတစ်လေအပန်းဖြေခြင်တာပါရင်းနှီးတဲ့သူတွေရဲ့ပွဲဆိုတော့မလာလို့မရဘူးလေ”

CEOကင်နန်းဂျွန်ကိုတွေ့တော့ အားရဝမ်းသာနဲ့ကင်ဂျင်းကစကားတွေ ​ပြောနေသေးသည်။ သိပ်မဝေးလှသောအကွာအဝေးမို့ အတိုင်းသားကြားနေရသည်။ ကင်ထယ်ကတော့အသားပြားတွေကို ​စောင့်အောင့်ခြနေလေရဲ့...။
ကင်ထယ်ကသိပ်သဝန်တိုသည်လေ....။ နှုတ်ခမ်းထော်
ပြီးစောင့်ကြောင့်ထိုင်၍ ဒေါသတွေကိုနှုတ်ခမ်းက rap လိုရွတ်နေတဲ့ကင်ထယ်ကိုကြည့်ပြီးရီရမလိုငိုရမလို..။
ဂျီမင်းကတော့တစ်ဟားဟားပွဲကြနေလေရဲ့။

သူလည်းဘာထူးလည်းရီတာပေါ့ ကင်ထယ်သဝန်တိုတာရီစရာကြီးကို
ဒါပေမဲ့ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ချစ်သူဘေးနားဒီလိုချော
မောလှပတဲ့မိန်းမပျိုကိုတွေ့မိကြရင် သဝန်တိုတာမဆန်းပေ။ သူတောင်မောင့်ကိုသိပ်သဝန်တို​လေသည်။ ​မောင့်ကွယ်ရာမှပေါ့မောင်ကသဝန်တိုတာ
မကြိုက်ဘူးလေ..။ ကလေးဆန်ပြီးစိတ်ပျက်ဖို့
ကောင်းတယ်တဲ့.....တစ်ခါတစ်လေမောင်ဟာသိပ်ကို
နားလည်ရခက်လေသည်...။

မောင်(completed) Where stories live. Discover now