4

1.4K 120 2
                                    




Chanyeolနဲ့ကျ​နော်​အထက်​တန်း ဒုတိယနှစ်​တနှစ်​လုံးတွဲခဲ့ပီး​ကျောင်းပိတ်​သွား​တာ​တောင်​အဆက်​အသွယ်​မပြတ်​ခဲ့။

လူတိုင်းကအားကျသလိုလူတိုင်းကလဲချစ်​ကြသည်​။

အရင်​က သူ့ကို ကြိုက်​​သော​ကောင်​မ​လေးအများစုသည်​ မိန်းမ တို့ရန်​မှကင်း​ဝေး​ရေး ဒို့အ​ရေးဆိုကာ ကျ​နော်​ နဲ့သူကိုအတင်းshipကြသည်​။

သူ့ကို ကျ​နော်​ စိတ်​ဆိုး​နေရင်​​တောင်​ထိုအမျိုး​ကောင်းသမီးတို့ကသူ့ဘက်​ကပါပီး​ချော့ကြသည်​။

ရန်​ဖြစ်​လိုက်​ ၊
ပြန်​ချစ်​လိုက်​ ၊
ကျ​နော့်​ဘေးက Kai​လေးနဲ့သဝန်​တိုလိုက်​ ၊
နဲ့ဘဲ အထက်​တန်း တတိယနှစ်​​ရောက်​လာသည်​။

အထက်​တန်း တတိယနှစ်​​ကျောင်းသား​တွေက​ကျောင်းအိပ်​​ကျောင်းစားဖြစ်​သည်​။

သူနဲ့ကျ​နော်​ နှစ်​​ယောက်​တစ်​ခန်းအလွန်​​နေချင်​ခဲ့​သော်​ငြား ကျ​နော်​ သည်​ ​သောက်​ Fa Luhanနဲ့သာ​နေခဲ့ရသည်​။

Luhan ​နေမ​ကောင်း လို့သူ့အိမ်​ပြန်​ရစဉ်​ Chanyeolကလဲ ကျ​နော်​ တို့ anniversary dayအတွက်​အလုပ်​ရှုပ်​​နေသည်​။

မနက်​ဖြန်​ ဆို anniversary dayဖြစ်​တာ​ကြောင့်​ Chanyeol ကျ​နော့်ဆီမလာ​တော့။

သို့​သော်​ ထိုညက ကျ​နော့်ဆီ Kai​ရောက်​လာသည်​။
သူ့အိမ်​နဲ့ပြသနာတက်​လာတဲ့သူ့ကို တစ်​ခြား​ကျောင်းက​ကျောင်းသားဖြစ်​တာ​ကြောင့်​ ကျ​နော်​ အခန်းထဲပိတ်​ထည့်​ထားကာ နှစ်​သိမ့်​​ပေးခဲ့သည်​။

Kai​ရောက်​​နေမှန်းသိသူတစ်​​ယောက်​သာရှိသည်​။
ဂျေမင်း ဖြစ်​ပီး သူက ပြန်​​ပြောမှာ မဟုတ်​​ကြောင်းကတိ​တွေအထပ်​ထပ်​​ပေးသွားပီး ကျ​နော်​ တို့ကိုမုန့်​​တွေလာပို့သွားသည်​။

သူပို့​ပေးတဲ့မုန့်​​တွေနဲ့ အချိုရည်​​တွေ​ကြောင့်​ ကျ​နော်​ ​ရော Kai​ရော ဘာဖြစ်​သွားမှန်းမသိ။

💔
💔

"Ashii ​ခေါင်း​တွေကိုက်​လိုက်​တာ"

(Baby Don't Cry)Where stories live. Discover now