မျက်နှာပေါ်အလင်းရောင်ထိုးနေတယ်လို့ခံစားရတာကြောင့် နိုးလာသည်။
နိုးနိုးချင်းကိုအလုအယက်ဝင်လာတဲ့နာကျင်မှုတွေကပြည့်နှက်သွားသည်။မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ပီး ဖြစ်ပျက်သမျှပြန်စဉ်းစားနေမိသည်။
မျက်လုံးပွင့်သွားတော့ Baekhyunကိုဖတ်ရင်းအသက်ရှူမှန်မှန်နဲ့အိပ်ပျော်နေတဲ့Chanyeolကိုယ်ပေါ်မှာအင်္ကျီမရှိ။သူ့မျက်နှာလေးကိုငေးနေမိသည်။
အနီးဆုံးမှာရှိနေသော်ငြားအဝေးဆုံးသို့ရောက်နေသယောင်။
ဝေ့ဝဲလာတဲ့မျက်ရည်စတို့ကြောင့်မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။Chanyeolမျက်နှာချောချောကိုငေးလို့မှမဝသေး။
ဖျက်ကနဲပွင့်လာတဲ့မျက်ဝန်းအစုံတို့ကြောင့်လန့်ဖျပ်သွားရသည်။
ညကအခြေအနေနဲ့ မျက်နှာချင်းဆိုင်လိုက်ရတာကြောင့်ပြောမပြတတ်အောင်ရှက်ပီးမျက်နှာကမန်းကတမ်းလွှဲတော့ Chanyeolနှခမ်းထောင့်စွန်းတွေကွေးသွားတာမြင်လိုက်ရသည်။
ကျနော့် ကိုဖတ်ထားတဲ့လက်ကိုရုတ်ပီး ကုတင်အောက်က သူ့အဝတ်တွေကောက်နေတာကြောင့်မျက်နှာကိုတစ်ဖက်သို့သာလွှဲထားလိုက်သည်။
ရှက်တယ်..
သူရော..ဘာပြောမလဲ?
ဘာဖြေရှင်းချက်ပေးမလဲ?
တောင်းပန်မှာလား?ဒါမှမဟုတ်.. .
ဘောင်းဘီ ပြန်ဝတ်ပီးသည်ဖြစ်သည့်သူကသူ့အင်္ကျီကိုပုခုံးပေါ်တင်ရင်း ကုတင်အောက်ကနေဘဲကျနော့်ကိုအုပ်မိုးကာငုံ့ကြည့်သည်။Chanyeol
"Sorry...ငါညကမူးနေလို့ မင်းကို ဟာနာ အမှတ်နဲ့.."
တော်ပီ။
ဒီလောက်ဆို ကျနော် ငိုကြွေးဖို့လုံလောက်ပီ။
အသည်းထဲထိစိုက်နင့်သွားအောင် Chanyeolစကားတခွန်းကအရာရောက်သည်။
![](https://img.wattpad.com/cover/211456889-288-k947611.jpg)
YOU ARE READING
(Baby Don't Cry)
FanfictionFb မှာတင်ဖူးတဲ့ ficလေးပါ Rape လေးတွေပါတာကြောင့်ဆုံးဖြတ်ပီးမှဖတ်ပါ။