Baekhyun အိမ်ပြန်ရောက်တော့ ဧည့်ခန်းကနေ စူးရဲနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေတဲ့ Chanyeolနှင့်ဆုံလိုက်ရသည်။
ဟိုတစ်ည..
Baekhyunကို Chanyeol အတင်းရယူပီးထဲက ရှောင်နေသည်။Kiss markကတော့သူအမှတ်ကောင်းလို့ကြာကြာခံနေတာပေါ့😏
အခုတော့ Kaiကမြင်ပီးမဖြစ်သင့်တာတွေဖြစ်တော့မယ်😪
အခုတော့ အဲ့ကလေးကိုအတွေးထဲကထုတ်ရင်း ကျနော့် ကို sofaပေါ်ကနေစိုက်ကြည့်နေတဲ့တစ်ယောက်ကိုပြန်ကြည့်လိုက်သည်။
အခုမှသေချာကြည့်မိတယ်။
Chanyeol က make upတွေပြင်ဆင်ခြယ်သထားတာဘဲ။
ပြင်ဆင်ခြယ်သထားဆို ဒီနေ့က သူ့ fan sing မဟုတ်လား?
ကျနော် သူ့ကိုကြည့်ပီးမေးခွန်းထုတ်နေစဉ်သူ sofaမှထလာသည်။
Chanyeol
"မင်းဘယ်သွားနေတာလဲ?"
ကျနော် ဘာဖြေရမလဲ?
Kaiနဲ့သွားတွေ့တာလို့ဖြေရင်သူစိတ်ဆိုးနိုင်သည်မလား?Baekhyun
"Luhanတို့နဲ့သွားတွေ့တာပါ။"
Chanyeol
"ပီးရောလေ အဝတ်အစား မြန်မြန်သွားလဲ ငါနဲ့ fan sing ပွဲလိုက်ခဲ့ရမယ်။"
Baekhyun
"အင်း.."
ထိုမျှသာပြန်ပြောပီးအိမ်ထဲဝင်လာတဲ့သူကြည့်လိုက်တော့ Chanyeolရဲ့ မန်နေဂျာ ဆိုသည့်Hyungတစ်ယောက်နဲ့ stylelist noona..
ကျနော် တစ်ချက်ပြုံးပြပီးလှေကားပေါ်တက်လိုက်သည်။
"နောက်ကျနေပီ ဘာဖြစ်လို့မထွက်သေးတာလဲ?
ညီမ သူ့ကို make up နဲ့ဆံပင်ထပ်လုပ်ပေးလိုက်အုံး"မတိုးမကျယ်ကြားလိုက်ရတဲ့ သူ့ မန်နေဂျာ ရဲ့စကားကြောင့်ကျနော့်ခြေလှမ်းရပ်သွားသည်။
နောက်ကျနေပီတဲ့..
သူ..ကျနော့် ကိုစောင့်နေတာလား..
အတွေးနဲ့အတူ လှိုက်ဖိုသွားတဲ့ ကျနော့် ရင်လေး..
YOU ARE READING
(Baby Don't Cry)
Fiksi PenggemarFb မှာတင်ဖူးတဲ့ ficလေးပါ Rape လေးတွေပါတာကြောင့်ဆုံးဖြတ်ပီးမှဖတ်ပါ။