Episode 1

19 3 0
                                    

နေ့သစ်တစ်နေ့ရဲ့အစမနက်ခင်း မစောလွန်းသော ၈ နာရီအချိန် မေသဇင်တစ်ယောက်ကတော့ အိမ်မက်တောထဲရွက်လွှင့်လို့ကောင်းနေဆဲ..
ပြတင်းထက်ကနေရောင် မျက်နှာပေါ်ကိုဖြာကျပြီးနေထိုးနေလည်း ထဖို့အစီအစဉ်မရှိ..
လူးလွန့်ကာ အိမ်မက်တောထဲတဝဲလည်လည်..

ထိုအချိန်~~~

ဒေါက်~~ဒေါက်~~(အပြင်မှတံခါးခေါက်သံ)

မေသဇင်တစ်ယောက် လှုပ်တောင်မလှုပ်..

ထိုအချိန်တံခါးစီမှအသံတစ်သံ..

ဒေါ်သဇင်မိုးပွင့်:: မေရေ ထတော့လေ..ကျန်တဲ့သူတွေအကုန်နိုးနေကြပြီ..
ထတော့ ထတော့..

မေသဇင် ခေါင်းတောင်မထောင် အိပ်ချင်မူးတူးအသံဖြင့်

မေသဇင်:: ခဏလေး မေမေ ၅မိနစ်..၅..
ပြောနေရင်းပင်ပြန်ကာအိပ်ပျော်သွားသူ
ဒေါ်သဇင်မိုးပွင့်တစ်ယောက် သူ့သမီးရဲ့မပြောင်းမလဲတဲ့အကျင့်ကို ခေါင်းခါနေတုန်း
ဘေးအခန်းထဲကထွက်လာတဲ့ မင်းကောင်းခန့်..သူ့အမေနားကိုလျှောက်လာရင်း..

မင်းကောင်းခန့်:: ထုံးစံအတိုင်း ငယ်လေးမနိုးသေးဘူးမလား မေမေ??

ဒေါ်သဇင်မိုးပွင့်:: အေး မြင်တဲ့အတိုင်းပဲ သားရယ်..မင်းငယ်လေးကိုမင်းပဲနိုးလိုက်တော့။ ပြီးရင်အောက်ဆင်းလာခဲ့ကြ မနက်စာစားရအောင်..

မင်းကောင်းခန့်:: ဟုတ်ကဲ့ မေမေ။

မင်းကောင်းခန့်စကားဆုံးတာနဲ့ အောက်ထပ်ပြန်ဆင်းသွားတဲ့ ဒေါ်သဇင်မိုးပွင့်..
မင်းကောင်းခန့်လည်း သူ့ညီမလေးကိုနိုးဖို့ပြင်ရင်း

မင်းကောင်းခန့်:: ကဲ ငယ်လေးရေ ကိုကိုဝင်လာပြီနော်..
အသံပေးရင်းဝင်သွားလိုက်တော့~

ဝင်ဝင်ချင်းမြင်လိုက်ရတာက သူ့ငယ်လေးရဲ့အသည်းစွဲ ကိုရီးယားIdol EXO Baekhyunရဲ့ပုံ..နံရံတိုင်းမှာနေရာလွတ်မရှိအောင်ကပ်ထားခံရတဲ့ EXO member တွေရဲ့ပုံများ..
မင်းကောင်းခန့်တစ်ယောက် ခေါင်းခါလိုက်ရင် သူ့ညီမလေးကိုကြည့်လိုက်တော့ စောင်ပုံထဲကမထွက်။ မင်းကောင်းခန့်ကုတင်နားလျှောက်သွားလိုက်ရင်း
မေသဇင့်ကိုစောင်ပုံထဲကဆွဲထုတ်နေရင်းပါးစပ်ကလည်း..

You've reached the end of published parts.

⏰ Last updated: Sep 15, 2021 ⏰

Add this story to your Library to get notified about new parts!

The LoveWhere stories live. Discover now