Library No.(2) (7)

6.6K 879 60
                                    

(Unicode)

"ငါ Taeကိုသတ်ခဲ့တာ"

ကြားလိုက်ရတဲ့စကားကြောင့် ကိုယ့်နားကိုယ်တောင်မယုံနိုင်။Jungkookကယောင်းကိုသတ်ခဲ့သည်တဲ့လား။
ိယောင်းချစ်နေတဲ့သူကယောင်းကိုပြန်သတ်ခဲ့သည်တဲ့လား။

!ခွပ်!

"လူယုတ်မာကောင်"

!ခွပ်!

"ယောင်းကမင်းကိုချစ်ခဲ့တာကွ"

!ခွပ်!

"အပြစ်မရှိတဲ့ ငါ့ ညီကိုသတ်တဲ့အကောင်"

Vတစ်ယောက်Jungkookအား ထိုးလဲထိုး ​ပြောလဲ ပြောလျက်။Jungkookကတော့ ငြိမ်သက်သော မျက်ဝန်းများဖြင့် တုတ်တုတ်မျှမလှုပ်။

!ခွပ်!

!ခွပ်!

"V V!!!!တော်တော့ လက်လွန်မယ် ရပ်လိုက်တော့"

သူ့လက်ကို လာဆွဲပြီး အနောက်ကနေချုပ်လိုက်တဲ့သူတစ်ယောက် ကြည့်လိုက်တော့ Jimin။

"ငါ့ကိုလွှတ်Jimin ငါ သူ့ကိုသတ်မယ် လွှတ်!!!!!"

Jungkookကို Yoongiကထိန်းထားတာကြောင့် Yoongiကိုဖယ်မယ်လုပ်တော့
အနောက်ကဆွဲထားတဲ့jimin

"Jimin လွှတ် ယောင်းကိုသူသတ်ခဲ့တာ ငါ ပြန်သတ်မယ်!!!!!"

"မဟုတ်ဘူး Taehyungကိ​ု သူသတ်တာမဟုတ်ဘူး!!!!!"

"ငါ သတ်ခဲ့တာ!!!!!!အဲ့နေ့က အဲ့နေ့ကသာ ငါ ငါ Taehyungကိုဖွင့်မပြောခဲ့ရင် သူသာ အဖြေပြန်ပေးမယ်လို့ မပြောခဲ့ရင် သူ သူသေမှာမဟုတ်ဘူး"

မြေပေါ်ကို ဒူးထောက်ကာ ပြောနေတဲ့Jungkook။ကျွန်တော့်ကို Jiminက ချုပ်ထားမြဲ။

"အရူးလိုကောင်"

Jiminပြောလိုက်တော့ရူးကြောင်
ကြောင်မျက်ဝန်းတွေနဲ့ကြည့်လာတဲ့သူတို့

"အဲ့လိုသာ အပြစ်တင်နေတော့ Taehyungက ပြန်ရှင်လာမှာမလို့လား ဟမ်။Taehyungက ကိုယ့်ကိုကိုယ်သတ်သေပြီးသွားပြီပဲလေ ပြန်ရှင်ပါ့မလားလို့ ဟမ်!!!"

"ယောင်း ကိုယ့်ကိုကိုယ်သတ်သေတာမဟုတ်ဘူး"

V Jiminလက်ထဲရုန်းလိုက်ပြီးပြောလိုက်တော့ သုံးယောက်လုံးရဲ့မျက်ဝန်းများသူ့ဆီမှာ

Library No.2Where stories live. Discover now