The End

8.1K 880 77
                                    

(Unicode)

"Jimin Yoongiအဆင်ပြေလား"

"အင်း ဒါဆို ဒါပဲနော်"

Jungkook phချလိုက်တော့ အားလုံးကသူ့အဖြေကိုစောင့်နေဟန်....။

"သူတို့ Choi Min Sooကိုမြင်ရင်Miss callလိုက်မယ်တဲ့။Hoseokကလှေကားကနေသူ့ကိုအချိန်ဆွဲထားမယ်"

"ဟုတ်ပြီ"

Taeကိုသတ်တဲ့သူမှန်းသိပေမဲ့ သက်သေတစ်ခုမှမရှိတာကြောင့် ထိုလူ့ပါးစပ်က ထွက်လာအောင် V hyungက Taeဟန်ဆောင်ကာ သူ့အားခြောက်လန့်ရန်ကြံရွယ်ထားကြသည်။အကယ်၍ ထိုလူကမလန့်ရင်လဲတစ်ခြားနည်းဖြင့်ရအောင်ဖော်ထုတ်မည်။ထယ့်ကိုကတိပေးထားသလိုသူ့အတွက်တရားမျှတမှုပေးနိုင်ရန်သူကိုယ်တိုင်လုပ်မည်...။

"ငါတို့လုပ်နိုင်မှာပါ"

အတွေးလွန်သော သူ့ကိုပုခုံးဖက်ကာအားပေးလာသောV hyungကြောင့်သူလဲအားတင်းကာပြုံးပြလိုက်သည်။

သူတို့ထယ်အတွက်လုပ်နိုင်မှာပါ.....။

......

ကားပါကင်မှာကားထိုးပြီးချိန်မှာတော့ သူကားပေါ်ကဆင်းရင်း သော့ချလိုက်ကာ ဆင်းလာလိုက်တော့ ချောင်တစ်နေရာမှာနမ်းနေသောအတွဲတစ်တွဲ.....။
သူ့ကိစ္စမဟုတ်တာကြောင့်လှည့်မကြည့်ပဲ ဓာတ်လှေကားဆီကိုလျှောက်လာတော့ ပျက်နေသည်လို့ရေးထားသောစာကြောင့် ရိုးရိုးလှေကားကနေတက်ရန်လုပ်လိုက်သည်။

Choi Min Sooတဖြေးဖြေးချင်းဆီအပေါ်တက်လာချိန်မှာတော့ တဖြေးဖြေးကြားလိုက်ရသော ငိုညည်းသံလိုလို တိုးတီးသံလိုလို.....။

အပေါ်ရောက်လေပို၍ပီသလာသော အသံကြောင့် ယောက်ျားဖြစ်သော်ညားလည်း စိတ်မလုံသောလူတစ်ဦးလို မျက်လုံးများကတောင်ရောက်မြောက်ရောက်ဖြင့်....။
အရေးထဲ လှေကားမီးက အချိန်ကိုက်ပျက်သွားကြောင့် ကြောက်ရွံစိတ်က ထိန်းမရပေမဲ့ ခြေထောက်တို့က ပို၍သွက်လာသလို

"Choi Min Soo....အဟင့်အင့် အီး......"

တဖြေးဖြေးပီသလာသောအသံကြောင့် သူ့နာမည်ရွတ်နေမှန်းသိသွားတာမို့ လှေကားပေါ်မှာ သူ့ခြေစုံကရပ်ခနဲပင်....။လက်ဖျားခြေဖျားအေးစက်ကာ နှဖူးစောင်းမှချွေးဒီးဒီးကျလာသလို...

Library No.2Where stories live. Discover now