Library No.(2) (10)

6.1K 821 29
                                    

(Unicode)

"တီးတီ"

Hoseokတစ်ယောက် ကျောင်းသွားဖို့ အကျီလဲနေတုန်း message သံကြားလို့ကြည့်လိုက်တော့Yoongi။သူတို့ရောက်နေပြီဆိုတဲ့ စာ။ဒီနေ့ စောစောသွားပြီး L2 မှာ ဟိုဆရာမကြီးပြောတဲ့ taeနှစ်သက်တယ်ဆိုတဲ့ပစ္စည်းကိုသွားရှာဖို့သူ သူတို့တိုင်ပင်ထားသည်။

သူလဲ ယူစရာရှိတာယူပြီး အောက်ဆင်းဖို့ ဓာတ်လှေကားကို နှိပ်လိုက်တော​့

"ခဏ-"

အပြင်ကနေ ရပ်ခိုင်းတဲ့အသံကြားတာ​ကြောင့် သူလဲရပ်​ပေးလိုက်သည်။

ထိုနောက် အထဲဝင်လာတဲ့ အသက်လတ်လူငယ်တစ်ဦး။သူ့ထက်တော့ သုံးလေးနှစ်ကြီးပုံရမည်။

ကျွန်တော်လဲဂရုမထားပဲ ကိုယ့်ဘာသာကိုယ်သာနေလိုက်တော့သည်။
ဒါပေမဲ့ တစ်ချက်ချက်အကြည့်ရောက်သွားတဲ့ ထိုလူ့လက်က တက်တူးအပိုင်းအစ

"Tattoက မိုက်တယ်နော်"

Tattoဆိုစိတ်ဝင်စားတာကြောင့် သူမေးလိုက်တော့ လက်ကို လှန်ပြသည်။

"ဟုတ်တယ် အစ်ကို လဲအရမ်းသဘောကျလို့သာ ထိုးထားတာ"

ထိူသူထိုးထားသည်က အရိုးခေါင်းပုံကိုမှ အောက်ပိုင်းက အငွေ့အဖြစ်ပြောင်းနေသယောင်။တော်တော်ကို သေသပ်တဲ့ လက်ရာပင်။

ဒါ အစ်ကိုကို ခွင့်ပြုပါဦး သူ့ကို နှုတ်ဆက်ကာ ထွက်သွားသည့် ထိုအစ်ကို။သူလဲ ကျောင်းသို့သွားရန် busဂိတ်သို့သာ ထွက်လာခဲ့လိုက်သည်။
.
.
.
.
.
.
"ရောက်လာပြီလား"

"အင်း"

"လူစုံပြီဆိုတော့ သွားမယ်"

Jungkookကပဲဦးဆောင်ကာ L2 ဆောင်ဘက်သို့ထွက်လာခဲ့လိုက်သည်။ကျောင်းသားတွေလဲ သိပ်မစုံသေးတာကြောင့် ဘယ်သူမှ သူတို့ကို အရေးမလုပ်ကြ

ကျွီ!!!!

သူတို့အတူL2 ထဲဝင်လိုက်တော့ နေရာတကျစီစဥ်ထားတဲ့ ခုံတွေရယ် စာအုပ်အနည်းငယ်တွေရယ်ပဲရှိသည်။

"Yoongiရယ်Jiminရယ် က ဟုိဘက်နေရာသွား Hoseokရယ် ငါရယ် V hyungရယ်က ဒီဘက်သွားမယ်"

"အင်း"

သူတို့လဲ လူစုခွဲလိုက်ကာ Taehyungရဲ့ ပစ္စည်းကို သွားရှာလိုက်သည်။
.
.
.
.
"V hyungဘာဖြစ်လို့လဲ"

Library No.2Where stories live. Discover now