အခန်း (၅) ဆိုက်ဒ်/အခန်း (၅) ဆိုက်ဒ်

10.3K 1.3K 18
                                    

Zawgyi Ver~


အခန်း (၅) ဆိုက်ဒ်

မျက်လုံးတွေကို တင်းနေအောင်သာစေ့ထားရင်း နိုင်လို ဟာ ကျရောက်လာမယ့်နာကြင်မှုကို စောင့်နေခဲ့လေတယ်... မျက်လုံးတွေမှိတ်ထားလေသော်ငြား မျက်နှာရှေ့နားမှာရှိနေမယ့် မီးတောက်ရဲ့ အပူကိုတော့ သူခံစားနိုင်နေသေးလေတယ်... သို့သော်ငြား သူ့ကို ချုပ်ထားတဲ့လက်တွေမရှိလေတော့ဘူးဆိုတာကို သူအတန်ကြာချိန်ကြမှ နားလည်လာလေတယ်... မျက်လုံးတွေကိုဖွင့်လိုက်ချိန်မှာတော့ သူ့မျက်နှာရှေ့မှာ ရစ်ဝဲနေလေတဲ့ ဘောလုံးသဏ္ဍာန်မီးတောက်တွေကို တုန်လှုပ်စွာ တွေ့မြင်လိုက်ရလေတော့တယ်... အံ့အားသင့်စွာနဲ့ မျက်တောင်ခတ်လိုက်ရင်း နိုင်လိုဟာ သူ့ပတ်ဝန်းကျင်က တိတ်ဆိတ်နေမှုကို သတိမမူမိလေဘူး... အဲ့ဒီအစား သူဟာ ဒီမီးတောက်ဘောလုံးတွေ ကောင်းကင်ကို မြှောက်တက်သွားလေတာကိုသာ ကြောင်ပြီးဆက်ကြည့်နေမိလေတော့တယ်...

နိုင်လိုဟာ မျက်လုံးတွေကို မှိတ်ထားခဲ့လေတာကြောင့် ဘာတွေဖြစ်သွားခဲ့မှန်းကို မမြင်ခဲ့လိုက်ရလေဘူး... တကယ်က ဒီမီးတောက်တွေဟာ သူ့မျက်နှာကို လာမရိုက်ခင်မှာ လေပြေတစ်ပွေဟာ ဒီမီးတောက်တွေကို ရပ်တန့်စေလိုက်ရင်း တည်ငြိမ်စေလိုက်တာဖြစ်တယ်... စောစောတုန်းက ဟိတ်ဟန်များပြီး မာနကြီးနေခဲ့ကြတဲ့ ကောင်လေးတွေဟာတော့ နက်စွေးနေတဲ့ဝတ်စုံနဲ့ အနက်ရောင် မြေခွေးမျက်နှာဖုံးကိုဝတ်ဆင်ထားတဲ့အမျိုးသမီး ကိုတွေ့မြင်လိုက်ရချိန်မှာ သူတို့ရဲ့ခြေထောက်တွေဟာ တုန်လှုပ်သွားလေတော့တယ်...

သူမရဲ့ ဘယ်လက်ဟာ ဒီမီးဘောလုံးတွေကို ကိုင်မြှောက်ထားလေရင်း ညာလက်ဟာတော့ သူမရဲ့ မျက်နှာဖုံးကို ခေါင်းထိပ်နားအထိ ပင့်တင်လိုက်လေတဲ့မြင်ကွင်းကို သူတို့တွေ့မြင်လိုက်ကြလေတယ်... ကောင်လေးတွေကိုအံ့အားသင့်စေတာကတော့ သူမရဲ့လက်တွေကို အသုံးပြုပြီးမီးတောက်တွေကို ကစားနေတဲ့ဟန်ပန်မဟုတ်လေပဲ သူမရဲ့ မျက်နှာပေါ်က အပြုံးသာဖြစ်လေတယ်... ထပ်ပြောရရင်တော့ မိုင်ခရဲ့ မျက်နှာကို မြင်ဖို့ဆိုတာ တော်တော့်ကိုရှားပါးတဲ့ ကိစ္စဖြစ်လေတယ်... သူမရဲ့အပြုံးကိုမြင်ဖို့ဆိုတာ ပိုပြီးတော့သာ ရှားပါးတာပါပဲ... ဒါ့အပြင် ဒီအမျိုးသမီးရဲ့ ကြွေသားလိုချောမွေ့ကြည်လင်နေတဲ့ ပါးပြင်ပေါ်က ပါးချိုင့်နက်နက်ပေါ်တဲ့အပြုံးကို ဘယ်ကောင်လေးကများ ခံနိုင်ရိုးရှိပါ့မလဲ?

၉. ဒုတိယဇာတ်လိုက်အားရွေးချယ်ခြင်း ARC-9(ဆိုက်ဒ်)Where stories live. Discover now