အခန်း (၆) ဆိုက်ဒ်/အခန်း (၆) ဆိုက်ဒ်

10.4K 1.3K 14
                                    

Zawgyi Ver~


အခန်း (၆) ဆိုက်ဒ်

နောက်ရက်မှာတော့ ဇာတ်လမ်းရဲ့ဇာတ်လိုက်ဟာ အမြှီးကိုးချောင်းမြေခွေးရဲ့ တပည့်ဖြစ်လာဖို့ဆိုတဲ့ သူရဲ့ကံကြမ္မာကိုလက်ခံလိုက်ရလေတော့တယ်... တခြားကလေးငယ်တွေနဲ့ ရန်ဖြစ်လိုက်ရခြင်းရဲ့အကျိုးဆက်ဟာ နိုင်လို့ကို သူ့ရဲ့အားနည်းမှုကို ၀န်ခံခိုင်းစေလိုက်သလိုပါပဲ... အားကောင်းပြီး တန်ခိုးစွမ်းအားကြီးမားသူတွေသာ အုပ်ချုပ်နေတဲ့ ဒီကမ္ဘာမှာတော့ ဒီလူသားငယ်လေးဟာ အလွယ်တကူဖျက်စီးခံရ၊ မေ့လျော့ခံရမယ့် အမျိုးအစားသာဖြစ်လေတယ်... နိုင်လို့ရဲ့ နှလုံးသားဟာ သူ့ရဲ့ စွမ်းအားမဲ့မှုကို ခါးသီးစွာလက်ခံလိုက်ရလေတော့တယ်... ဒါ့အပြင် မိုင်ခဆီက စကားလုံးတွေရဲ့ လှောင်ပြောင်သရော်မှုတွေကြောင့် ဒီကောင်လေးဟာ ဒီလက်ရှိအခြေအနေကို ဆန့်ကျင်ဖို့ကို ရပ်တန့်လိုက်တော့တယ်... ဒီအစား နိုင်လိုဟာ ပိုပြီးအားကောင်းလာဖို့ကိုသာ ရည်ရွယ်လေတော့တယ်...

ဇာတ်လမ်းရဲ့ ဇာတ်လိုက်ဟာ သူပိုပြီး စွမ်းအားကောင်းလာဖို့ရာ ဘယ်လိုအစီအစဉ်ချပါသလဲ? အမြှီးကိုးချောင်းမြေခွေးကို အသုံးချရမှာပါပဲ... မိုင်ခဟာ သူ့ကို တပည့်ဖြစ်လာစေချင်မှတော့ သူဖြစ်လာပေးရမှာပေါ့... နိုင်လိုဟာ မိုင်ခရဲ့ စွမ်းအားနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြင်တွေ့ခဲ့ရပြီးပြီ... သူမရဲ့ တပည့်ဖြစ်လာခြင်းဟာ ဒီလိုစွမ်းအားတွေကို လေ့လာသင်ယူနိုင်ဖို့ဆိုတဲ့အခွင့်အရေးဖြစ်လာမယ့်အတွက် ဘာကြောင့်များ သူခေါင်းဆက်မာနေသင့်ပါသလဲ?

ပိုအရေးကြီးတာက မိုင်ခရဲ့ တရားဝင် တပည့်ဖြစ်လာခြင်းဆိုတဲ့အချက်ဟာ သူ့ကိုပိုပြီး လွတ်လပ်စေမယ့်အပြင် လေးစားခံရမှုကိုပါ ရရှိနိုင်မှာဖြစ်လေတယ်... တခြားကလေးတွေနဲ့အတူ လေ့ကျင့်ရေးသင်တန်းတွေ တက်နိုင်မှာဖြစ်ရုံမက တခြားကလေးငယ်တွေဟာ သူ့ကို အနိုင်ကျင့်ရဲတော့မှာ မဟုတ်လေဘူး... သူ့ခါးမှာစည်းထားတဲ့ အနက်ရောင်ခါးစည်းကြိုးဟာ သူ့ကို ဘယ်သူမှ အထင်မသေးဖို့ရာ ပံ့ပိုးပေးလိမ့်လေမယ်... သူ ရနိုင်မယ့်အခွင့်အရေးတွေကို ကောင်းကောင်းနားလည်သွားချိန်မှာတော့ နိုင်လိုဟာ လက်ရှိအခြေအနေကိုတော့ လိုက်လျောညီထွေဖြစ်ဖို့ရာ လက်ခံလိုက်လေတယ်...

၉. ဒုတိယဇာတ်လိုက်အားရွေးချယ်ခြင်း ARC-9(ဆိုက်ဒ်)Where stories live. Discover now