အခန်း (၈) ဆိုက်ဒ်/အခန်း (၈) ဆိုက်ဒ်

10.3K 1.3K 7
                                    

Zawgyi Ver~


အခန်း (၈) ဆိုက်ဒ်

နိုင်လိုရဲ့ သဘောဆန္ဒအတိုင်း ဆိုက်ဒ်နဲ့ နေရာချင်းပြီးနောက်မှာတော့ နိုင်လိုဟာ ရေနဂါး လဲအ်ဆီမှ စွမ်းအင်ထိန်းချုပ်နည်းကို စတင်လေ့လာခွင့်ရလေတော့တယ်... သူဟာ ဇာတ်လမ်းရဲ့အဓိကဇာတ်လိုက်ဆိုတဲ့ အခန်းကဏ္ဍဖြစ်သည့်အားလျော်စွာ ရေနဂါးရဲ့ နယ်မြေထဲမှာ ရက်အနည်းငယ်ကုန်ဆုံးရုံနဲ့တင် ရေကို စုဆောင်းခြင်းနဲ့ ရွေ့လျားခြင်းဆိုတဲ့ အခြေခံအချက်တွေကို လျှင်မြန်စွာ သင်ယူတတ်မြောက်နိုင်ခဲ့ပြီဖြစ်လေတယ်... စွမ်းအားကြီးမားတဲ့ ရေနဂါးနဲ့နှိုင်းယှဉ်ရင် သူဟာ ပမာဏအနည်းငယ်မျှကိုသာ ထိန်းချုပ်နိုင်စွမ်းရှိနေသေးသော်ငြား ဒါဟာ သူ ကီရန် ကိုရောက်လာပြီးနောက်ပိုင်းမှာမှ ပထမဆုံးသော တန်ခိုးစွမ်းအင်ကို မြည်းစမ်းရခြင်းဖြစ်လေတာကြောင့် နိုင်လိုဟာ အင်မတန်မှ ပျော်ရွှင်လို့နေလေပြီ... ဒါ့အပြင် ရေနဂါးဟာ သူ့ရဲ့ ဆရာတစ်ဦးအနေနဲ့ တပည့်တွေကို ဂရုတစိုက်သင်ပေးနေတာကြောင့် နိုင်လိုဟာ သူ့ရဲ့ ပျင်းရိတဲ့ မူလဆရာကို ပို၍သာ ခါးခါးသီးသီးခံစားလာရလေတော့တယ်...

တဖက် အမြှီးကိုးချောင်းမြေခွေးရဲ့ နယ်မြေထဲမှာတော့ ဇာတ်လမ်းရဲ့ ဒုတိယဇာတ်လိုက်ဟာ မိုင်ခရဲ့ သီးခြားသင်ကြားပေးခြင်းကို လက်ခံရလေတယ်... ဒီ "ပျင်းရိတဲ့" ဆရာဟာ သူမရဲ့ တပည့်ငယ်လေးကို လေစွမ်းအင်ကို ထိမ်းချုပ်ရတဲ့ စွမ်းအားအရှိဆုံး နည်းလမ်းတွေကို မချွင်းမချန်သင်ပေးရုံမျှမက ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လေထုကိုအသုံးချပြီး စွမ်းအားမြင့်စေမယ့်အကောင်းဆုံးနည်းလမ်းကိုပါ ပြောပြပေးလေတယ်... ရက်အနည်းငယ်ကြာသွားပြီးနောက်မှာတော့ ဒီအမြှီးကိုးချောင်းမြေခွေးဟာ သာမန်တပည့်တစ်ဦး နှစ်တစ်ရာကြာသင်ယူရမယ့် သင်ခန်းစာတွေကို ဒီကောင်လေးကို သင်ပေးခဲ့ပြီးလေပြီ... ဒါကို နိုင်လိုရော ဆိုက်ဒ်ဟာ မသိလေဘူး... မိုင်ခရဲ့ သင်ခန်းစာတွေကို သင်ယူနေရတဲ့ ဆိုက်ဒ်အတွက်ကတော့ ဒီသင်ခန်းစာတွေကို သိပ်ပြီး မစဉ်းစားလေပဲ သူမရဲ့ ညွှန်ကြားချက်တွေကိုသာ ရိုးရိုးရှင်းရှင်း လိုက်နာခဲ့လေတယ်... ဒီအမြှီးကိုးချောင်းမြေခွေးဟာ သူ့ကို များစွာသော ဗဟုသုတတွေ စွမ်းအားတွေကို ဘယ်လောက်တောင်သင်ပေးနေလေမှန်း သူအချိန်အတော်ကြာသည် အထိ နားမလည်ခဲ့လေဘူး...

၉. ဒုတိယဇာတ်လိုက်အားရွေးချယ်ခြင်း ARC-9(ဆိုက်ဒ်)Where stories live. Discover now